ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကို ဇွန်လ (၁၀) ရက် မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါသင်တန်းကို သင်တန်းသား (၁၂) ယောက်နဲ့ သင်တန်းသူ (၄၆) ယောက် စုစုပေါင်း (၅၈) ယောက် တက်ရောက်အောင်မြင် ပြီးမြောက်ခဲ့ရာ သင်တန်းဆင်းလက်မှတ် (Certificates) တွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို သင်တန်းသား၊ သင်တန်းသူတွေ ဆရာ၊ ဆရာမတွေနဲ့ ပြည်သူလူထု အပါအဝင် စုစုပေါင်းလူဦးရေ (၁၅၀) ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင်နဲ့ နောင်အောကျေးရွာကြားတို့မှာ စစ်ကောင်စီတပ်နဲ တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄၅)လုံး၊ လက်နက်ကြီး (၃၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ပေါက်ခေါင်းမှ ပေါင်းတလည်သို့ လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများကို တိုက်ခိုက်ရာ ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရဲစခန်းက‌နေ ပေါင်းတလည်မြို့ဘက်ကို လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါ စစ်ဘေးရှောင်ပြည်သူ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။