အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

အစ္စရေးအနေနဲ့ ဇွန်လ ၁၃ ရက် ဒီနေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံရဲ့ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ နျူကလီးယား ပစ်မှတ်တွေနဲ့ အဝေးပစ်ဒုံးကျည်တွေ ရှိရာနေရာတွေကို စတင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးအနေနဲ့ အီရန်ရဲ့ အဓိက သန့်စင်ရေးစက်ရုံဖြစ်တဲ့ Natanz ၊ IRGC လို့ခေါ်တဲ့ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်တွေ၊ နျူကလီးယားသိပ္ပံပညာရှင်တွေရဲ့ နေအိမ်တွေနဲ့ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေရှိရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အီရန်တစ်ဝှမ်းလုံးမှာရှိတဲ့ ပစ်မှတ် ဒါဇင်နဲ့ချီကို ကြိုတင်စီစဥ်ကာ တိကျတဲ့ ပူးပေါင်းတိုက်ခိုက်မှု အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ အမေရိကန်အနေနနဲ့ ပါဝင်ပတ်သက် အကူအညီပေးတာ မရှိသလို ထိပ်တန်းဦးစားပေးအနေနဲ့ ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ဖို့ကိုသာ လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။

တီဟီရန်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားကာ ယူရေနီယမ်သန့်စင်တဲ့ စက်ရုံတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ Natanz က အတည်ပြုထားပြီး အီရန်အနေနဲ့လည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနဲ့ ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို အားပေးထောက်ခံပြီး စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်က တောင်းဆို

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့်  မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့  ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့  ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

သက်ဆင် အမှုကြားနာရန် တရားရုံးသို့ ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ “၁၄ ထပ် အမှု” နဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ရဲ့ နောက်ဆုံး အမိန့်ချမှတ်မှု ကြားနာဖို့ ဒီနေ့မနက်မှာ တရားရုံးကို ရောက်လာခဲ့ပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

ဒေသတွင်း ခေါင်းဆောင်နေရာပြန်ယူရန် အသင့်ပဲဟု ထိုင်းပြော

ထိုင်းအနေနဲ့ နှစ်ကာလအတော်ကြာ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ကျော်လွှားပြီး ဒေသတွင်းခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြန်ယူဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖုအန်းကက်ခီယိုက ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ် ကွာလာလမ်ပူမှာ ပြောခဲ့ပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။