တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းသို့ စက်လှေနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းက ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ဆီ စက်လှေ ၂ စီးနဲ့လာတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထားဝယ်မြစ်တစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်တွေက စနိုက်ဘာအပါအဝင် လက်နက်ငယ်တွေနဲ့ ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ထားဝယ်လူငယ်လက်ရုံးတပ်နဲ့ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ထားဝယ်လူငယ်လက်ရုံးတပ်

0 Shares:
You May Also Like
Read More

လောက်ကိုင်မြို့ထဲကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုမြင်ကွင်း (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ကိုအောက်တိုဘာ၂၇ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဗုံးတွေကြဲချခဲ့တဲ့အတွက်ဟိုတယ်၊လူနေအဆောက်အအုံအများအပြားထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
Read More

မြောင်မြို့နယ် ကျောက်ရစ်ရွာအထိုင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့  ကျောက်ရစ်ရွာအထိုင်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ T.G.R ,ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို တော်လှန်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာ ၅ ခုကို စက်တင်ဘာ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

နတ်ရေကန်တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အယောက် ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်သား ထွက်ဆို (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။