စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ ရက် မနေ့က မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေ ရဲတပ်ကြပ်တစ်ယောက်က MA 13 (BA 94) အမျိုးစားသေနတ် တစ်လက်၊ ၉မမ ကျည် အတောင့် (၃၀)၊ ကျည်ဘောက်တစ်ခု တို့ကို ယူဆောင်ကာ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

“သူနဲ့ ကျနော်တို့ တပ်ခွဲ ၂ က တာဝန်ရှိတဲ့ ရဲဘော်တစ်ဦးနဲ့က သူတို့ပုဂ္ဂိုလ်ရေးအရ သိထားတဲ့ဟာပေါ့နော်။ အလင်းဝင်ဖို့ ပြင်ဆင်တာက ၂ လ ၃ လလောက်ပြင်ဆင်လိုက်ရတယ်။ ဘာလို့လဲဆိုတော့ သူက လူချည်းပဲထွက်လာမယ်ဆိုရင် သူက ထွက်လာလို့ရပြီပေါ့။ ဒါပေမယ့် သူက လက်နက်ပါ ရအောင် ယူခဲ့တာဆိုတော့ ကြိုတင်ပြင်ဆင်ရတာ” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အလင်းဝင် ရဲတပ်ကြပ်ဟာ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် (၃၀)၊ တပ်ခွဲ (၂) ကို ဆက်သွယ်ချိတ်ဆက်ပြီး CDM ပြုလုပ်ကာ ဇနီးနဲ့သားကိုပါ ခေါ်ဆောင်ကာ ပြည်သူ့ရင်ခွင် ဘက်ပြောင်းခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကို ထိုက်သင့်တဲ့ ဆုကြေးငွေတွေ ချီးမြှင့်သွားမှာဖြစ်ပြီး CDM ရဲဇနီးမောင်နှံကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းခိုလှုံလိုတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ဝင်တွေကို လက်ခံကြိုဆိုနေသလို ယူဆောင်လာမယ့် လက်နက် အမျိုးအစားအပေါ် မူတည်ပြီး ထိုက်သင့်တဲ့ ဆုငွေတွေ ပေးအပ်သွားမှာဖြစ်သလို တိုက်ပွဲအတွင်း လက်နက်ချရင်တော့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်တွင် စစ်တပ်အလိုကျ ပေါ်တာဆွဲမှုများ ထဲထဲဝင်ဝင် လုပ်နေသည့် ပြည်သူ့စစ် ၁ ဦးကို YGF ရှင်းလင်း 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပြည်သူစစ် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ရင်း (YGF) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။ 
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်ခြင်းဟာ နိုင်ခြေကို လုံးဝ စွန့်လွှတ်ခြင်းဟု ဦးကိုကိုကြီး ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုး မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အမ်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံအနီး စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းကို AA သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နားက ဖြတ်သန်းသွားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲနဲ့ အမ်းမြို့နဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကြားက တောင်ဇောက်တောင် အမြောက်စခန်းကို ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ ထိန်းချုပ်ထားပြီလို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။