စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၂ရက်နေ့က စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ခြေမြန်ဌာနချုပ်ကနေ မုံရွာ-မန္တလေးလမ်းမကြီးအတိုင်း ထွက်လာတဲ့ ကြေးနီကား ၁၉စီး၊ သံပြားကာကား ၈စီးနဲ့ မိုးကာအုပ် ၆ဘီးကား ၃စီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာလို့ သိရပါတယ်။

မအူစစ်ကောင်စီဂိတ်အနီး ရောက်ရှိလာတဲ့ အထက်ပါ ကားတန်းတွေထဲက ၁၀စီးမြောက်ကားကို ပဒေသာပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရင်း လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း  Brave Heart Army (BHA) က ပြောပါတယ်။

အဲ့ဒီနောက် သံပြားကာကား ၁စီးနဲ့ ကြေးနီတင်ကား ၂စီးလည်း နေရာတင် ထိုးရပ်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို နာရေးကား၊ အိမ်စီးကား၊ သံပြားကာကားတွေနဲ့ ရွှေတော်ဝင်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေထဲ စစ်ကောင်စီဘက်က အရာရှိ၁ယောက် ပါဝင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Heart Army (BHA) နဲ့အတူ Golden Target Force (GTF) ၊ Chindwin Fighter Group (CFG) တို့ ဆောင်ရွက်ခဲ့တာလို့လည်း သိရပါတယ်။


0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမှာ စစ်ကောင်စီက နုဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၊ လက်နက်နဲ့ ဒရုန်းတွေကို သယ်ဖို့ကြိုးစားနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၄ဦး သေပြီး တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းအခြေစိုက် ခလရတပ်ရင်းက ထွက်​ပြေးအလင်းဝင်လာသူတွေ စစ်ကောင်စီကိုပြန်တိုက်နိုင်ဖို့ ကူညီပေးသွားမည်ဟု ဒေါင်းစစ်အောင် (Local PDF) ပြော

"ပေါ်တာဆွဲခံရသူတွေထဲမှာ ​၁ယောက်က အိမ်ပေါ်အထိ ပေါ်တာဆွဲခံရတယ်ပြောတယ်။ နောက်၁ ယောက်ကျကုန်စိမ်းအရောင်းဝယ်လုပ်ရင်းဆွဲခံရတယ်။ ကျန်တဲ့ ၄ယောက်ကတော့ ပန်းရံအလုပ်သွားရင်းပေါ့။ သူတို့က စစ်အာဏာရှင်ကိုပြန်တွန်းလှန်မယ်ပြောတယ်။ သူတို့ကို အာမခံပြီး ခေါ်ထားတဲ့ စစ်ကိုင်းဘက်ကအဖွဲ့တွေရှိပါတယ်။ သူတို့ညီအစ်ကိုတွေအဖွဲ့ပေါ့။ အဲ့အတွက် ပို့ဆောင်ပေးနိုင်ဖို့ကို ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ အခုလည်းသူတို့ကို စောင့်ကြည့်အနေအထားနဲ့သေချာလေးထားပေးထားပါတယ်။" လို့ ဒေါင်းစစ်အောင် (Local PDF) တာဝန်ရှိသူ ကိုထူးလေး က မောင်းကိုပြောပါတယ်။
Read More

ခမောက်ကြီးတွင် စစ်တပ်စစ်ကြောင်းကို KTLA ဗိုလ်ချုပ်မြ အထူးတပ်ရင်းနှင့် ပကဖများ ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စုဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါ ၈ဦး မျက်မြင်သေပြီး အလောင်း ၁၈လောင်းကိုလည်း မီးရှို့ထားခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေ အပါအဝင် အကြမ်းဖက်စစ်သား ၈ယောက် မျက်မြင်သေဆုံးကာ အလောင်း ၁၈လောင်းကိုလည်း မီးရှို့ထားခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက မောင်းကို ပြောပါတယ်။