မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၂ ရက် မနေ့ကညပိုင်းမှာ ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက မြို့မြောက်ဘက်၊ ရွာစည် (ရွာဟောင်း) ရွာကို ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ဒလန်သတင်းပေးမှုအရ ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး နေအိမ်တွေထဲ ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနာက်မှာတော့ ၁၀ နှစ်အောက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်​ဆောင်သွားတာဖြစ်ပါတယ်။

“ဖမ်းခံရတဲ့ ၁၅ယောက်ထဲမှာ အမျိုးသမီးက၂ယောက်၊ ၁၈အောက် လူငယ်က ၂ယောက်နဲ့ ၁၀နှစ်အောက်ကလေးက ၂ယောက်ပါပါတယ်။ PDF ရွာရယ်မဟုတ်ဘဲ အိမ်နဲ့နာမည်နဲ့တကွ သတင်းပေးတာလို့ပြောတယ်။ ၅၀ တပ်ထဲကိုပဲ ခေါ်သွားကြတာပါ” လို့ ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကိုပြောပါတယ်။

ဒီဖမ်းဆီးမှုကို ခလရ ၅၀ တပ်ရဲ့ ဗျူဟာမှူး လှမျိုးထွဋ်ဆိုသူက ဦးဆောင်ခဲ့တာဖြစ်ပြီး ရွာစည်ရွာကအမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို နေရပ်လိပ်စာ အတိအကျသတင်းရတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်အကောင့်ကတဆင့် ပြောထားပါသေးတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းမှာ ခလရ ၅၀ တပ်ထဲကနေ စစ်ကောင်စီကား ၃ စီး ထွက်လာခဲ့ပြီး မြို့တောင်ဘက် လောင်ထောင်ဂိတ်ထဲ တပ်ဖွဲ့ဝင်တွေကို ချထားခဲ့ကြောင်း၊ အဆိုပါ လောင်ထောင်ဂိတ်ကမှတဆင့် ဒေသအခေါ် ပျားနတ်တောင် ပတ်ဝန်းကျင်ကို ထပ်မံခြေလျင်စစ်ကြောင်းထိုးခဲ့ကြောင်းနဲ့ လက်နက်ကြီးသံ၊  သေနတ်သံတွေလည်းထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ နောက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာတွေဆီ ညကြီးအချိန်မတော် ရှောင်တခင် ဝင်ရောက်တာမျိုးတွေ မကြာခဏလုပ်ဆောင်လာတာကြောင့် အရပ်သားတွေအနေနဲ့စစ်ရေးသတင်းတွေ အထူးဂရုပြုသင့်တယ်လို့ ယောအလင်းတန်းက တိုက်တွန်းထားပါသေးတယ်။

တစ်ဖက်မှာလည်း ဂန့်ဂေါနယ်အတွင်း ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ ၄ ရက် ရှိလာပြီဖြစ်တာကြောင့် အရပ်သားတွေအဖို့ စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၈ရက်နေ့ကလည်း မန်ကျည်းခင်ရွာကို အကြမ်းဖက်စစ်ကြောင်းဝင်ရောက်ခဲ့ပြီး ကိုယ်ဝန်​ဆောင်သည်အပါ အရပ်သားတွေကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

 

0 Shares:
You May Also Like
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် စစ်အရာရှိများကို သင်တန်းပေးနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါး​ဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ…

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

စစ်သားတစ်ယောက် ကြက်ဖမ်းရင်း ကိုယ့်မိုင်း ကိုယ်နင်းမိပြီး သေ

အကြမ်းဖက်စစ်သားတစ်ယောက်ဟာ သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကို သူ့ဘာသာနင်းမိပြီး နိုဝင်ဘာ ၄ ရက် ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပအဖ က လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး ပြုပြင်ပေးနေတယ်လို့ အသိပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းကာ ပြုပြင်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ပြည်သူများ ထမင်းငတ်မယ့်အဖြစ် ရောက်စေသည့် နတ်ထမင်းရွာ ရာအိမ်မှူးကို နေအိမ်ထဲ ဝင်ရောက်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။