တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။

အဆိုပါစခန်းမှာ စစ်ကောင်စီအင်အား ၂၀ ဝန်းကျင်လောက်သာရှိပြီး စခန်းက မထွက်ခွာမှီ စစ်အုပ်စုဘက်က လေကြောင်းနဲ့ လာရောက်ပတ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းဘက်ခြမ်းကို ဝင်ရောက်သွားကြတယ်လို့လည်း သိရပါတယ်။

“မနေ့က သူတို့ဘယ်အချိန်လောက်မှာ ထွက်သွားကြလဲဆိုတော့ ကျနော်တို့ စခန်းနားမှာ မချဥ်းကပ်ရသေးတဲ့အတွက်ကြောင့် အသေးစိတ် မသိဘူး ၊ သူတို့ ထွက်သွားပြီဆိုတာကို ကျနော်တို့ ညနေမှသိလိုက်တယ်။ သူတို့က ထိုင်းနဲ့ ဆက်သွယ်ပြီးတော့ ထိုင်းဘက်က ဝင်သွားတာပေါ့။ ထိုင်းဘက်ကဝင်သွားရမယ်လေ၊ ထိုင်းဘက်က မဝင်သွားရင်ဘယ်သွားမလဲ ကျနော်တို့ဆီမလာဘူးလေ” လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင် အတွင်းရေးမှူး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။


ငါးရံ့နီစခန်းကို ကောလဖိုးတပ်ဖွဲ့က သွားရောက်ချဥ်းကပ်ခဲ့ပြီး စခန်းအတွင်း ဝင်ရောက်ရှင်းလင်းချိန်မှာတော့ လက်နက်ကြီးကျည်တချို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ငါးရံ့နီစခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စခန်းငယ်တစ်ခုဖြစ်ပြီး အဆိုနယ်စပ်မှာ နောက်ထပ်စခန်းငယ်တစ်ခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

“အဲ့စခန်းပတ်ဝန်းကျင်မှာ ကောလာဖိုးအဖွဲ့ရှိတယ်။ သူတို့ကတော့ ငါးရံ့နီစခန်းကိုဝင်သွားပြီးတော့ သွားရှင်းတာပေါ့။ လက်နက်ကြီးကျည်ဆံတချို့တော့ သူတို့တွေ့ရတယ်။ ကျနော်တို့က ဘောတိတော့ အထိုင်ချထားတယ်။ ငါးရံ့နီက စခန်းငယ်လို့ပြောလို့ရတယ်။ သူတို့က နယ်စပ်ထိန်းချုပ်တဲ့ စခန်းတစ်ခုဖြစ်တယ်။ ထိုင်းနယ်စပ်တစ်လျှောက်မှာ စခန်းတွေက ရှင်းကုန်ပြီ၊ စခန်းသေးသေးတစ်ခုတော့ကျန်သေးတယ်” လို့ ဗဒိုစောအယ်နားက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ အခုလို စခန်းစွန့်ခွာထွက်ပြေးတာဟာ ဇွန်လ ၁၀ ရက်နေ့မှာ သူတို့ရဲ့စစ်စခန်းတစ်ခုဖြစ်တဲ့ ထားဝယ်မြို့နယ် နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တာကြောင့် ကြောက်လန့်ပြီးထွက်ပြေးသွားတာဖြစ်တယ်လို့ ဗဒိုစောအယ်နားက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

Urban Operation Column ၏ 7 july ​အောက်​မေ့ဖွယ်အခမ်းအနား

၆၃ နှစ်ပြည့်​ 7 July ​အောက်​မေ့ဖွယ်အခမ်းအနားကို ဇွန်လိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်ရှိ တပ်ရင်းရုံး စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ Urban Operation Column က ထုတ်ပြန်ပါတယ်။
Read More

ဘော်စတွန်မြို့က ပြည်ပရောက်မြန်မာတွေနဲ့ ဒေါက်တာဆာဆာတွေ့ဆုံ၊ဖြတ် ရုပ်ရှင်ကိုပါအထူးပွဲပြသ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ Boston မြို့ မှာ NUG ရဲ့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံပွဲနဲ့ 'ဖြတ်' ရုပ်ရှင်ဇာတ်ကား ပြသပွဲ ကိုနို၀င်ဘာလ ၃၀ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သွားရောက်တိုက်ခိုက်၊ မင်းလှမှာ စစ်ကောင်စီတပ် ကား ၂ စီးကို တိုင်း ပကဖ က ​အနီးကပ် ခြုံခိုတိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကိုင်းလယ်ကျေးရွာရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာဟာ ခရီးကြမ်းကြီးကို လျှောက်လှမ်းနေရဆဲဖြစ်တယ်ဆိုတာ သတိပေးနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံကမ်ပိန်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ လက်ရှိအခင်းအကျင်းကို ဖော်ပြနေတဲ့ Myanmar’s Divided Reality ဓာတ်ပုံ ကမ်ပိန်းကို Transgender ‌မော်ဒယ်ဖြစ်သူ D Moon Thakariz ကဖန်တီးခဲ့ပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။