စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က လူထုသပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇွန်လ (၁၂)ရက် ဒီနေ့ မနက်ပိုင်းက မုံရွာအကျဥ်းထောင်မှာ စစ်ကောင်စီရဲ့ မတရား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မန္တလေးမြို့ရှိ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မုံရွာအကျဥ်းထောင်ရှိ နိုင်ငံရေး အကျဥ်းသားတွေကို အရင်ကလည်း အိုးဘိုထောင်ဆီ ပြောင်းရွှေ့ကာ ရိုက်နှက်နှိပ်စက်လေ့ ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ အကြမ်းဖက်စစ်တပ်ကနေ ကားနဲ့တိုက်၊ ဖမ်းဆီးပြီး ပုဒ်မပေါင်းစုံနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားတာဖြစ်ပါတယ်။

မုံရွာအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဥ်းသူတွေအပါအဝင် အကျဉ်းသားအကျဉ်းသူ အယောက် ၂၀၀ ဝန်းကျင်ကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ သံပြားကာကား (၂)စီး၊ အိမ်စီးကား(၃)စီး၊ ဆယ့်နှစ်ဘီးကား (၆)စီးတို့နဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်၊ မြင်းခြံထောင်နဲ့ မကွေး‌ထောင်တို့ကို ပို့ဆောင်မယ်လို့ စုံစမ်းသိရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကလည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းနှင့် ညောင်ဦးရှိ တော်လှန်ရေးအင်အားစုများထံ စစ်မှုထမ်းတပ်သား ၂ ဦး ထွက်ပြေးအလင်းဝင်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့နယ်တို့မှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ကိုယ်စီထွက်ပြေးအလင်းဝင်ရောက်လာကြောင်း သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

စစ်ကောင်စီဟာ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကိုတောင် အုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ NUG ထုတ်ပြန်ကြေညာ…

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ အာဏာသိမ်းကာလ ၄ နှစ်ပြည့်ခါနီးလာတာနဲ့အမျှ နိုင်ငံရဲ့ ၃ပုံ ၁ပုံကိုတောင် ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) ကနေ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။