နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေအပါအဝင် အရပ်သားပစ်မှတ်တွေကို ဥဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အတန်းပညာတတ်မြောက်မှုနဲ့ သိမြင်တွေးခေါ်နိုင်မှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို မိမိဘာသာ ရယူထားတဲ့ မင်းအောင်လှိုင်ဟာ ပြင်ဦးလွင်မြို့ပေါ်ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းကို ရောက်ရှိချိန် အခုလို ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

“မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ် များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာ တတ်မြောက်မှုအားနည်းခြင်း၊ သိမြင် တွေးခေါ် နိုင်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေကြောင်း” ဆိုပြီး အကြမ်းဖက်မင်းအောင်လှိုင် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကို လေကြောင်းကနေရော လက်နက်ကြီးနဲ့ပါ အသုံးပြုတိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင်က ဆရာ၊ ဆရာမတွေအနေနဲ့ သင်ကြားပေးနေရတဲ့ ကလေးငယ်တွေကို အတန်းပညာသင်ကြားပေးတာအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိစေမယ့် အသိပညာနဲ့ အတွေးအမြင်တွေကိုလည်း သင်ကြားပေးရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လတာအတွင်းမှာတင် အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၉၃ ယောက်ထက်မနည်း သေဆုံးပြီး ကလေးငယ် ၁၃၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာန၏ ပူးပေါင်းစစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းပကဖ ထံ လက်နက်ခဲယမ်းနှင့် ကျည်ကာဦးထုပ်များ ပေးအပ်

ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း ပကဖ ကို လက်နက်ခဲယမ်းနဲ့ ကျည်ကာဦးထုပ်တွေ ပေးအပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁ ဆီက သိရပါတယ်။
Read More

Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ဦးကို စစ်ကော်မရှင် အဖမ်းပြ

ရန်ကုန်နဲ့ မန္တလေးက Online လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၂၄ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်း ၁၀၁ မိုင်အနီး စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို ​ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်၊ စစ်သား ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလာသည့် တပ်သား ၂ ဦး တော်လှန်ရေးတပ်များနှင့် ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မည် ဟု ဆို

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ခိုလှုံလာကြောင်း သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း P23801 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။