ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေရာ ဒေသခံပြည်သူ ၁၀၀၀ ကျော်က ကျောက်မဲမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်ကနေ ဇွန်လ (၈)ရက်အထိ နောင်ချိုမြို့နယ်ကနေ ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲ‌ရှောင်ပြည်သူလူထု (၁၀၀၀) ကျော် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ်ရှိ တိလင်ပရိတ္တိစာသင်တိုက်က (၄၆)ယောက်၊ အဝေရာပါသကျောင်းက အယောက် (၃၀) ၊ နောင်ပိန်(အ.ထ.က)ကျောင်းက (၆၂၅) ယောက်၊ ထန်းတပင်ကျေးရွာက အယောက် (၁၅၀) နဲ့ လုပ်ပါဟကျေးရွာက (၁၆၃)ယောက်၊ စုစုပေါင်း (၁၀၁၄) ယောက် တိုက်ပွဲရှောင်နေရတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲ‌ရှောင်ပြည်သူလူထုဟာ နောင်ချိုမြို့နယ်ရှိ တောင်ရပ်ကွက်၊ ဘူတာရပ်ကွက်၊ ‌စျေးရပ်ကွက်၊စျေးကုန်း၊ နောင်လင်၊ သရက်ကုန်း၊ ကန်ကြီး၊ ရေဖြူ၊ လောက်ဖန်း၊ ညောင်ပင်သာ၊ မဲပုတ်၊ နောင်ချိုကြီး၊ ရေမောင်းတန်း၊ ညောင်နီ၊ သုံးဆယ်၊ ‌တောင်ရှည်၊ မျက်ချီးနု၊ သပြေရေ၊နားရှိုး၊ ရွှေမုဠော၊ မန်မော်၊ အင်းဖို၊ တောင်လှ၊ တောင်ခမ်း၊ လက်ပံကုန်း၊ လွယ်ခေါ်၊ ပိန္နဲကုန်း၊ နောင်အော၊ ညဏ်တော၊ လုံခံ၊ နမ့်ဆောင်ဟူးနဲ့ ပါဟတ်ကျေးရွာ စတဲ့ ဒေသတွေက ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် စစ်အရာရှိများကို သင်တန်းပေးနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အလှူငွေကောက်ခံရရှိခဲ့…

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် မရိုးကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး သားအဖ ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အမ်းမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁၁ ယောက်ကို လက်နက်တွေနဲ့အတူ CDF-Asho ဖမ်းဆီးရမိ

စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ထံက သိရပါတယ်။
Read More

မြိုင်မှာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။