မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့ကစလို့ စစ်ကောင်စီက ကမ္မဒေသ မန်ကျည်းသုံးပင်ရွာကို ဆိပ်ဖြူ ကပစ စက်ရုံနဲ့ ပခုက္ကူ ၁၀၁ တပ်ကနေ ပါရာမော်တာတွေနဲ့ ဗုံးသီး ၅ကြိမ်၊ ၁၂၀မမ ၇လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဇွန်လ ၇ရက်နေ့မှာလည်း သံဘိုရွာကို တံတားဦးလေဆိပ်တက် Y-12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်၊ ၁၂၀ မမ ဗုံးသီး (၃၇)လုံးအထိ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် အဆောက်အဦးတွေ အရပ်သား နေအိမ်တွေနဲ့ ထရမ်စဖော်မာတွေ ပျက်စီးခဲ့ပြီး ဆိတ်နဲ့ နွားတွေသေကြေခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၈ရက်နဲ့ ၉ရက်နေ့တွေမှာလည်း ကမ္မဒေသ ထနောင်းရွာနဲ့ ဂျိုးပျံရွာတွေက စစ်ရှောင်တဲတွေရှိရာကို ၆လက်ဒရုန်းတွေနဲ့ ၉ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် ဇွန်လ ၁၀ရက်နေ့ မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် Y-12 လေယာဥ်တစ်စီးက ကမ္မဒေသအနောက်မြောက်ခြမ်းမှာရှိတဲ့ မန်ကျည်းသုံးပင်၊ သံဘိုနဲ့ သစ်ပုလွေကုန်းရွာတွေဆီ ၂နာရီ ကြာလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီး ဗုံးသီး ၃၈လုံးအထိ ကြဲချခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ပခုက္ကူတပ်မ ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီး (ပါရာမော်တာ) တွေဟာ ဆုံကုန်းရွာနဲ့ ချောင်းဆုံရွာနေ စစ်ရှောင်တွေရှိရာကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးပြီး ၁ယောက်ထိခိုက်ဒဏ်ရာရရှိကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

“အဲလိုတွေကြဲနေတာ သူတို့စစ်ကြောင်းတက်နိုင်ဖို့ လမ်းရှင်းနေတဲ့သဘောပါ။” လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်ကမောင်းကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့မေလကုန်လောက်ပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်းက ပခုက္ကူ၊ ကမ္မ၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေထဲ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဇွန်လ ၉ရက်နေ့မှာ ကမ္မမြို့ပေါ် ရောက်ရှိနေခဲ့တာလို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် ရွာသာအေး၊ ရေမျက်၊ပြည့်အိုင်၊ ရေလာကြီး၊ မန်ကျည်းတန်း၊ အင်းဘတ်နဲ့ မယ်ဇလီရွာတွေက အရပ်သားတွေလည်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး သတ်ဖြတ်ခံရသူ ၂ယောက်လည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ကမ္မဒေသ ကျေးရွာတွေကို Y-12လေယာဥ် နဲ့ ဗုံးသီး အလုံး ၈၀နီးပါး၊ ပါရာမော်တာနဲ့ ဗုံးသီး ၁၀ လုံးကျော်၊ ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံးကျော်၊ စုစုပေါင်း ဗုံးသီး(၁၀၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တာလို့လည်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် ကမ္မဒေသ ကျေးရွာများ (ဓာတ်ပုံ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    
Read More

နတ်ရေကန်စခန်းဝန်းကျင်မှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၇ ဦးကို PRA -Magway ဖမ်းဆီးထိန်းသိမ်းထား၊ အများစု စစ်မှုထမ်းသင်တန်းဆင်းများဖြစ်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းဝန်းကျင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၂၇ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ ဖမ်းမိထားသူအများစုဟာ စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြေပြန့်မဟာဗျူဟာထိုးစစ် စတင်နေပြီလို့ NUG အသိပေး

NUG လက်အောက်ခံ PDF တပ်တွေဟာ  မြေပြန့်မဟာဗျူဟာထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။