“ရမည်းသင်း ရွှေတောင်မှာ ရွှေလုပ်ရင်းနဲ့ မိန်းမဆီ ခွင့်ပြန်လာတဲ့အချိန်မှာ စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရတာ။ လူအကုန်လုံး ၂၀ ဆွဲခံရတယ်။ စစ်ကိုင်း တပ်မ ၃၃ ထဲကို ပို့တယ်။ တပ်ထဲမှာလည်း မနေချင်ဘူး။ တိုက်ရခိုက်ရတာလည်း ဝါသနာမပါဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ အေးအေးဆေးဆေး နေချင်တာကြောင့်မလို့ အလင်းဝင်လာတာ”

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် – ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်တွေကို ရှေ့တန်းမှာ အဓိက တိုက်ခိုက်ခိုင်းပြီး နောက်ပြန်ဆုတ်ရင် အရာရှိတွေက ပစ်သတ်တဲ့အကြောင်း ပစတပ်သား နေလင်းအောင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 
Read More

စစ်တပ်က ခိုင်းလို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရဟု အလင်းဝင် စစ်သားသစ် ပြော (ရုပ်/သံ)

စစ်တပ်က အမိန့်နဲ့ အဓမ္မစေခိုင်းခဲ့လို့ ဘုန်းကြီးကျောင်း၊ ဘာသာရေးအဆောက်အဦးများနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် ကိုနိုင်ဝင်းစိုးက ပြောပါတယ်။ 
Read More

အမိမြေပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲ ရောက်သွားရင် ဘာဖြစ်မလဲ (ရုပ်/သံ)

ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၃၂၁၇၁ တပ်သား- စိုးလင်းအောင် ၏ ပြောကြားချက်၊ ရိက္ခာလာပို့ရင် အကြီးအကဲတွေ စား၊ အန္တရာယ်တစ်ခုခုဆိုရင် တပ်သားတွေကို ထိုးကျွေး (ရုပ်/သံ)

''ထမင်းတွေ မစားရမသောက်ရ ငတ်ပြတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှုမပေးတာ၊ စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းဝင်တာပါ။ ဖိနှိပ်မှုက မတရားများတယ်ခင်ဗျာ။ ရိက္ခာလာပို့ပြီဆိုရင် ရဲ‌ဘော်တွေကို ကျွေးတာမရှိဘူး။ သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတယ်။ တစ်ခုခုဖြစ်ရင် ရဲဘော်တွေကိုပဲ ထိုးကျွေးကြတယ်။ ရဲဘော်တွေ တော်တော်များများက အကြီးအကဲတွေကို စိတ်နာနေကြတယ်''
Read More

Loikaw Local PDF ထံသို့ လက်နက်နှင့် အလင်းဝင်ရောက် ခိုလှုံခဲ့သည့် တပ်သား မျိုးသက်ဦး၏ ရင်ဖွင့်စကားသံ (ရုပ်/သံ)

"အိမ်ကို စာရောက်လာတယ်၊ မဲပေါက်တယ်ဆိုပြီးတော့၊ အိမ်ကလည်း အရမ်းစိုးရိမ်တယ်။ လာပြီး ခြိမ်းခြောက်တယ်၊ အိမ်ကို ချိတ်ပိတ်မယ်၊ မလိုက်လို့ရှိရင် ဖမ်းမယ်ဆိုပြီး မိဘတွေကို ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဒီဘက်ကို ရောက်လာတာပါ''