ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စခန်းသိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက တော်လှန်ရေးတပ်တွေ အနောက်မန်ကျည်းကန်ပျူစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပျူစခန်းဘန်ကာ ၃ လုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ ဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အပြန်အလှန်ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ကာ ဘဲကြီပျူစခန်းနဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်သားတွေ စစ်ကူရောက်ရှိလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲကို အညာမြေတပ်ပေါင်းစုနဲ့အတူ ဧရာဒေါင်းတပ်ဖွဲ့ ၊ နယ်စည်းမခြား(PKU) ၊ PI PDF၊ ကိုရေခဲနှင့် ဗလညီနောင်ခေါင်းဆောင်လူငယ်ပြောက်ကျားတပ်ဖွဲ့၊ Younth Guettilla force(Y.G.F)၊ ဝံပုလွေးပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက်(ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆)၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

“ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” (ရုပ်/သံ)

အထူးကွန်မန်ဒိုတပ်ရင်း (P29914) ကနေ “ပြတ်ချင်ရာ ပြတ် ၊ နာမည်မပျက်နဲ့” “ပျက်ချင်ရာ ပျက် ၊ နာမည်မပျက်နဲ့” သိန်း ၃၀၀၀ CPPS Campaign ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူစောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းပေါ်မှာ မိုင်းရှင်းထွက်လာတဲ့ ပျူ‌စောထီးတွေကို ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Dynamite - Special Task Forceမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။