ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ရပ်အလောင်း ၃ခုကို ဇွန်လ ၁၂ ရက် ဒီနေ့ မနက်မှာ ကား နဲ့ လာရောက်စွန့်ပစ်သွားပြီး စွန့်ပစ်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်နိုင်သလို ၊ KIA PDF တပ်ဖွဲ့ကလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။သေဆုံးသွားတဲ့ အမျိုးသား ၃ ယောက်ဟာ အိမ်ခြေမဲ့တွေဖြစ်ပြီး ကြုံရာနေရာမှာ နေထိုင်စားသောက်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“သုံးသပ်ချက်ကတော့ နည်းနည်းခက်တာပေါ့နော် သုံးသပ်တာတော့ ၂ မျိုးရှိတာပေါ့။ KIA ဘက်ကလည်း ရှင်းလိုက်တာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဘုရားကုန်းပေါ်မှာရှိတဲ့ စစ်တပ်ကို အရက်ဝယ်ပေး ၊ ဆေးလိပ်ဝယ်ပေး ၊ ကွမ်းဝယ်ပေး သူတို့က စျေးဝယ်တာတွေလုပ်ပေးတာဆိုတော့ ဘုရားကုန်းစစ်တပ်ကို အဲလိုလုပ်ပေးနေလို့ ရှင်းလိုက်တာလား၊ ဒါမှမဟုတ် မနေ့ညက အဲ့မှာပစ်ခတ်မှုတွေဖြစ်တဲ့အခါမှာသူတို့ကို PDF KIA လို့ သံသယရှိလို့ စစ်တပ်က အောက်ကိုဆင်းရင်းနဲ့ တွေ့တဲ့အချိန်မှာ ပစ်လိုက်တာလားပေါ့။ ကျနော်တို့ကတော့ အတိအကျမသိရဘူးပေါ့နော်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်း ကိုပြောပါတယ်။

သေဆုံးသူအမျိုးသား ၃ ယောက်ဟာ မှော်စီစာမှာ နေထိုင်တာကြာပြီဖြစ်သလို ရပ်ကွက်ကခိုင်းတာတွေကို လုပ်ကိုင်ပေးရင်း နေထိုင်စားသောက်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူတို့ကရပ်ထဲရွာထဲနေတယ်၊ သူများဟိုဟာလေးခိုင်းရင် လိုက်လုပ်တယ်။ ထင်းခွဲဆိုထင်းခွဲ၊ ရေခပ်ပေးဆို ရေခပ်ပေး အဲလိုခပ်ပေးတယ်။ အဲ့ကနေမှ ပေးတဲ့မုန့်ဖိုးတွေ ရတဲ့ဥစ္စာလေးနဲ့ သူတို့ကအတူတူနေကြတာ။ အရက်ဖိုးရှိရင် အရက်သောက်တယ်၊ တခြားမူးယစ်ဆေးတွေလည်း သုံးတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

မှော်စီစာအနီးရှိ တောင်ယာကုန်း ၊ သာယာကုန်း ၊ အောင်သာယာရွာတွေဘက်မှာ ဇွန်လ ၁၂ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ် နဲ့ KIA ၊ KPDF တို့ ထိတွေ့မှုဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

စစ်ဆေးရေးလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးသည့် ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးတစ်ယောက်ကို စစ်ဆေးမှုပြုလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က mobile clinic နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေဆီ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူက အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်တွေ ရော့ကတ်နဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြည်သူ့စစ်ကျေးရွာထဲ ရော့ကတ်ဗုံးသီးတွေနဲ့သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Cobra One အဖွဲ့တာဝန်ရှိသူ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။