ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။

ဇွန်လ ၁၂ရက် မနက်၁နာရီလောက်မှာ စစ်ကောင်စီတပ်က မန်လီရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် လမ်းရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုပါ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ကျောင်းဆောင်တချို့နဲ့ ဘုန်းကြီးကျောင်းဆောင် ၃ဆောင်ထက်မနည်း ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“သူများအိပ်ပျော်တဲ့အချိန် ဗုံးလာကြဲသွားတာ သံဃာတွေလည်း အကုန်ဘေးကင်းပါတယ်။ အကုန်လုံး ကြိုပြီးတော့သိတယ်လေ။ ဘုန်းကြီးကျောင်းကို တစ်ခါတည်းလာချတာ မဟုတ်ဘူး။ စာသင်ကျောင်းမှာ အရင်ကြဲတာ။ သူတို့က စာသင်ကျောင်းမှာ အရင်ကြဲပြီးတော့ သိမ်မှာပါ လေတွေဟပ်သွားတာ။ အဲလိုလန့်ပြီးတော့ ဘုန်းဘုန်းကလည်းတစ်ခါတည်းထပြီး ထွက်ပြေးရတာပေါ့။ ကျောင်းနောက်ဘက်က ချောင်းကြီးရှိတယ်။ အဲဒီရေချောင်းဘက်ကို ဆင်းသွားပြီးတော့ သစ်ပင်အောက်မှာ ပုန်းနေရတာ နာရီပြန်ကြည့်တော့ အချိန် ၁ နာရီရှိပြီ။ လက်နက်ကြီးသံတွေ ကြားတယ်။ နားတောင်အူနေတယ် အခုထိပဲ” လို့ မန်လီကျောင်းထိုင်ဆရာတော်က မောင်းကို မိန့်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တွေက နေလို့မရတော့တဲ့အတွက် ဘုန်းကြီးတွေဟာ ကျေးရွာထဲက နေအိမ်တွေမှာခေတ္တခဏ နေထိုင်ကြရသလို အခြားကျောင်းတွေမှာ သွားရောက်နေထိုင်ဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သံဃာ ၃ ပါးသာရှိပြီး ကျန်တဲ့ ကိုယ်ရင်ငယ်လေးတွေကိုတော့ ပြီးခဲ့တဲ့ ၅ လပိုင်းက စာသင်ကြားဖို့အတွက် နန့်စမ်းဘက်ကို ပို့ထားခဲ့တယ်လို့ ဆိုပါတယ်။

“လောလောဆယ်နေထိုင်ဖို့က ရွာထဲက အိမ်တွေထဲမှာ သွားနေရရင် သွားနေရမယ့် သဘောမျိုးပေါ့နော်။ ကျောင်းက နေစရာကိုမရှိတော့တာ နေစရာလည်း မရတော့ပါ၊ မိုးမလုံ၊ နေမလုံ အဲလိုဖြစ်နေပြီလေ၊ အဲဒါကြောင့် နေလို့မရတော့ဘူး။ တခြားကျောင်းတွေဘက်ကို သွားနေရင်နေမှာပါ။ စဉ်းစားနေတုန်းပဲ” လို့ အထက်ပါ ကျောင်းထိုင်ဆရာတော်က ဆက်မိန့်ပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ကျောင်းတွေကို ခေတ်ကာလအနေအထားအရ ပြန်လည်တည်ဆောက်ဖို့ မလွယ်ကူကြောင်းနဲ့ခေတ်အခြေအနေတွေ ကောင်းမွန်လာမှသာ ပြန်လည်ဆောက်လုပ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ မန်လီကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ အနည်းငယ်သာရှိပြီး တချို့ကတော့ တောင်ယာနဲ့ လယ်တွေလုပ်ကိုင်ကြတဲ့အတွက် ရွာထဲမှာမနေဘဲ သူတို့ရဲ့ တောင်ယာတွေမှာသာ သွားရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။
“လောလောဆယ်ကတော့ ရှောင်တိမ်းတဲ့ပြည်သူလူထုတွေက တချို့အိမ်ကတော့ ရှောင်တိမ်းပါတယ်။ တချို့အိမ်တွေကတော့ မရှောင်တိမ်းပါဘူး ။ တောင်ယာသွားကြတယ်။ လောလောဆယ် ဒီကျောင်း ပြန်လည်ဆောက်လုပ်ဖို့ကတော့ ဘုန်းဘုန်းကလည်း ဒီခေတ် ဒီအခြေအနေဆိုတော့ ပြောလို့မရဘူးလေ။ တကယ်လုပ်မယ်ဆိုရင်တော့ အချိန်ကာလ တည်ငြိမ်တဲ့အချိန်ပေါ့။ ကာလတည်ငြိမ်တဲ့ အချိန်ကျမှသာလျှင် တည်ဆောက်မှာ” လို့လည်း မန်လီကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

မန်လီကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှာ တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

မန်လီဘုန်းကြီးကျောင်းကို ၂၀၁၆ − ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အရင်နှစ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်တွေကိုတောင် ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးတဲ့အချိန် အခုလို ထပ်မံတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရသည့် မန်လီရွာ ဘုန်းကြီးကျောင်း မြင်ကွင်း (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

နတခ က စစ်ဦးစီးအဆင့်နဲ့ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်တပ်အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ချောင်းဦးမှာ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ လျှပ်စီးတပ်ခွဲစခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ အယောက် ၂၀ အထိ တိုးလာနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ အယောက် ၂၀ ကျော် ရှိလာပြီလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။