တနင်္သာရီတိုင်း ထားဝယ်-သရက်ချောင်းကားလမ်းပိုင်းရှိ ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁ ရက် နေ့လယ်ပိုင်းက ရွှေဂူတောင်ပေါ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ထားဝယ်မြို့ပေါ်ကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ကူပေးမှုကြောင့် ပြည်သူ ၁ ယောက်နဲ့ သံဃာတော် ၁ ပါး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) ၊ ဒေါင်းညီနောင်စစ်ကြောင်းရဲ့ တပ်ခွဲ(၁)က သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ ၊ ထားဝယ်နဂါး တပ်ခွဲ(၂) ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ထားဝယ်လူငယ်လက်ရုံးတပ် ၊ ဒူရက စစ်ကြောင်း ဦးဆောင်မှုနဲ့ DNLA၊ YPPDF ၊ DGRF ၊ TPLF ၊ ဧဒင်မှူးဖွဲ့ ၊ က္လားသစ္လတ်နဲ့ ဘီလုံးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်

0 Shares:
You May Also Like
Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့မှုအဖြစ် အီရန်က ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး အစ္စရေးကို ပြန်လည်တိုက်ခိုက် (ရုပ်/သံ)

အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ထားဝယ်မြို့နယ် ပကာရီရဲစခန်းအနီး ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီ ရဲစခန်းအနီး ယနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက စစ်ဆေးရေးအကြောင်းပြကာ ခရီးသွားယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒူကရစစ်ကြောင်းထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။
Read More

CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား အောင်ချမ်းမြေ့နှင့် တွေ့ဆုံမေးမြန်းမှု (ရုပ်/သံ)

''တပ်တွင်းမှာ လူအင်အားနည်းတာတွေ ဖြစ်နေတယ်။ ရှေ့တန်းဆိုရင် တောက်လျှောက်ထွက်နေရတယ်။ နောက်တန်းမှာ တစ်လ၊ နှစ်လလောက်ပဲ နားရသေးတယ်။ ရှေ့တန်းပြန်ပြန်ပါသွားတယ်။ ရှေ့တင်ကျရင်တော့ လူကြီးပြောသွားရင်တော့ မခံချင်လည်း သည်းခံရတယ်ပေါ့။ ဒါပေမယ့် ကွယ်ရာကျရင်တော့ တိုက်ပွဲမဖြစ်သေးလို့ တိုက်ပွဲဖြစ်ရင်တော့ ငါပစ်သတ်မှာပဲပေါ့။ ဒါမျိုးတွေ ပြောတာဆိုတာတွေ ကြုံရတယ်''
Read More

ချောင်းဦးမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ရုတ်တရက် တိုက်ခိုက်ခံရလို့ သုံးယောက်သေ (ရုပ်/သံ)

ချောင်းဦးမြို့နယ်၊ သံလွင်မြန်မာဆီဆိုင်ရှေ့မှာ ဆတ်ကြေးကောက်နေတဲ့စစ်သားတွေကို ကားဖြင့် ရုတ်တရက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မခံရလို့ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People's Defence Force - South Monywa က ထုတ်ပြန်ပါတယ်၊၊