ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People’s Defense Organization – ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ရက်နေ့ ညပိုင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့ဘူတာရုံနဲ့ မြို့အရှေ့ဘက် သကြားစက်မှာရှိတဲ့ စစ်​ကောင်စီကင်းပုန်းတွေကို ပကဖ တိုက်ခိုက်ရေးအဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ စီးလာတဲ့ အိမ်စီးကား၂စီးကိုလည်း ဖြူးပကဖ က သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇေယျဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဆားဂွန်းဂိတ်အပေါ်ကို ဖြူးပကဖ ဒရုန်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုတွေထဲ စစ်ကောင်စီဘက်က ၄ယောက် သေဆုံးပြီး ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

အထက်ပါ ဇေယျဝတီမြို့ပေါ် ဘူတာရုံနဲ့ သကြားစက်ထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်သားသစ်စုဆောင်းတာအပြင် အရပ်သားတွေဆီက ငွေကြေးတောင်းခံတာတွေ မတရားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အိမ်စီးကားအသွင်ပြောင်း စစ်ကားတွေကိုလည်း ဇေယျဝတီ သကြားစက်ရုံမှူးနဲ့ ဒုစက်ရုံမှူး​တို့က ကူညီဆောင်ရွက်ပေးထားတာလို့လည်း ဖြူးပကဖက ထုန်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်-ထားဝယ်ခရိုင်မှာ ပြုလုပ်တဲ့ KNU ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်−ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ရွာငံတွင် အကြမ်းဖက်စစ်ကြောင်းက စစ်ရှောင်စခန်း၊ နေအိမ်အများအပြားနှင့် ကျပ်သိန်း (၁၅၀၀)တန်ဖိုးရှိ စပါးကျီများကို မီးရှို့ဖျက်ဆီးခဲ့.. ၈နှစ်အရွယ် ကလေးငယ် အပါအဝင် စစ်ရှောင် ၅ဦးကိုလည်း ဖမ်းဆီးထား..

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။