ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တပ်ရွာက ပျူစောထီးတစ်ယောက်ကို စစ်ဆေးမှုပြုလုပ်နေချိန် လက်နက်လုပြီး ထွက်ပြေးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပျူစောထီး အေးကျော်မြင့်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေလ ၁၈ရက်နေ့တုန်းက တပ်ရွာထိပ် လမ်းတစ်နေရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပျူစောထီး အေးမြင့်ကျော်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထမင်းစားနေချိန် သေနတ်လုပြီး ထွက်ပြေးတဲ့အတွက် တပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုမှ ထုတ်ပြန်ရတာကတော့ နယ်မြေအခြေအနေအရရယ် စစ်ကြောင်းတွေရှိနေတာ တိုက်ပွဲတွေဖြစ်နေတာကြောင့်ပါ၊ သူက ဒိုင်နမို မော်တာအဟောင်း ဝယ်တဲ့သူပုံစံ အသွင်ယူပြီး သတင်းထောက်နေတာလို့ စစ်ဆေးချက်မှာ ဝန်ခံထားပါတယ်။ တချို့ အသေးစိတ် အချက်အလက်တွေ မဖြေကြားနိုင်တာ နားလည်ပေးစေလိုပါတယ်” လို့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး အေးကျော်မြင့်


ဖမ်းဆီးထိန်းသိမ်းထားချိန်အတွင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ ပျူစောထီး အေးကျော်မြင့်ဟာ တပ်မ ၆၆ ရဲ့ ၁၄ ရက်သင်တန်း ပျူစောထီးအပတ်စဉ် (၁) သင်တန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူဟာ သဲကုန်းမြို့နယ် ရွှေကြို့ပင်ရွာဂိတ်မှာ တစ်ရက်ကို လုပ်ခ ၆၈၀၀ ကျပ်နဲ့ ဂိတ်စောင့်တာဝန်ထမ်းသူဖြစ်သလို ဒိုင်နမို၊ အင်ဂျင်တွေ ဝယ်သူအဖြစ် ဟန်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုသတင်းအချက်အလက်တွေကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပို့နေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပျူစောထီး အေးကျော်မြင့်ရဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ရာမှာလည်း စစ်ကောင်စီရဲ့ စစ်သင်တန်းတွေမှာ တက်ကြွစွာ တက်ရောက်ခဲ့တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါး​ဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ…

စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ​ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်​ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေချိန် အတင်းကျပ်စုဆောင်းထားသည့် တပ်သားများဖြင့် စစ်ကောင်စီ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်လှစ်

နိုင်ငံတစ်၀န်း ငလျင်ဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရမယ့်အစား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၂) ဖွင့်ပွဲကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆိပ်ဖြူမှာ လူငယ်တွေကိုဖမ်းဆီး၊ ရွာတွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ရွာ ၅ ရွာက လူ ၇ ထောင်ခန့် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၅ ရွာက အရပ်သား ၇ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။