စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပြီး အပြေးအလွှား ပြန်လည်ဆုတ်ခွာသွားကြကြောင်း Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ဇွန်လ ၆ရက်နေ့က ငွေတွင်းပျူစောထီးစခန်းကနေ အရာတော်မြို့ဆီ ရိက္ခာသယ်ထွက်လာတဲ့ အင်အား
၅၀ခန့်ပါ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု ၁နာရီကြာ ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုတွေဘက်ကအထိအခိုက်များခဲ့ပြီး ငွေတွင်းပြည်သူ့စစ်စခန်းရှိရာဆီ အလျင်အမြန် ပြန်လည်ထွက်ပြေး ဝင်ရောက်သွားကြကြောင်း သိရပါတယ်။

“ကျနော်စစ်ကြောင်းသုံးကြောင်းလည်း သူတို့လာနိုင်မယ့်နေရာကို စောင့်နေတာ၊ အဲ့မှာ ရှေ့တိုးစစ်ကြောင်းက စမြင်တာဗျ။ မြင်တာနဲ့ စစ်ကြောင်းသုံးကြောင်းလုံး နေရာယူပြီး ဝိုင်းပစ်တာပါပဲ။ သေဆုံးစာရင်း မသိရသေးပေမယ့် သူတို့ဘက် အထိအခိုက်များတယ်။ ငွေတွင်းထဲကိုပဲ ခွေးပြေးဝက်ပြေး ပြန်ပြေးကုန်ကြတယ်။ စစ်ကြောင်းမှာအများစုကလည်း ပျူတွေချည်းပဲ။ စခဆိုလို့ ဗိုလ်လောက်ပဲပါတယ်။ ” လို့ Ngwe Dwin Revolution Force တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲအပြီး ငွေတွင်းပျူစောထီးခေါင်းဆောင် ကျော်ဆွေဆိုသူက အရာတော်မြို့ဆီ ရိက္ခာသယ်ထွက်နိုင်ဖို့ စစ်တပ်အရာရှိတွေကို လက်နက်ကြီးပစ်ကူနဲ့ လေယာဥ်ပစ်ကူတွေ တောင်းခဲ့တယ်လို့လည်း သိရပါတယ်။

“လေကြောင်းပစ်ကူတွေ တောင်းထားတာဟုတ်တယ်။ အဲ့လို မြေပြင်အနေအထားကြောင့် သတင်းကို အခုမှထုတ်ပြန်တာပါ။”လို့ Ngwe Dwin Revolution Force တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၂၁)တပ်ရင်းနဲ့အတူ တိုက်နယ် (၉၊၁၀၊၁၁)တို့နဲ့ နယ်ခံမဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တပ်သားသစ် လိုအပ်နေသည့် စစ်ကော်မရှင်တပ် နိုင်ငံတဝန်း လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာ

နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအတွက် အရပ်သားစစ်မှုထမ်းလိုအပ်ချက် မြင့်မားလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရင်ကထက် တပ်သားသစ် စုဆောင်းတာတွေ ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
Read More

တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီ အရပ်သား ၂ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် ရွာစဥ်လှည့်မီးရှို့သည့် စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွား၊ စစ်အုပ်စုဘက် ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ရွာစဥ်ပတ် မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက်သေဆုံး ခဲ့တယ်လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။