ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာမှာ ဒေသခံ အမျိုးသမီးတစ်ယောက် ခြံရှင်းလင်းရင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းကို ထိမိကာ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၉)ရက် မနက်ပိုင်းမှာ အသက် (၅၀) အရွယ် ဒေသခံအမျိုးသမီးဟာ ခြံအတွင်း သစ်ကိုင်းတွေ ရှင်းလင်းနေချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ နယ်စည်းမခြားပရဟိတအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ဒဏ်ရာရ အမျိုးသမီးကို ဆေးကုသဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မေလ (၂၉)ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းကျေးရွာနေ အမျိုးသားတစ်ယောက် ဟိုပေါ်အထက်ကျေးရွာအနီး မိုင်းတစ်လုံး နင်းမိကာ ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော် လက်နက်တွေနဲ့အတူ အညံ့ခံ

တရုတ် - မြန်မာနယ်စပ် ကန်ဖန့်ရွာက ပြည်သူ့စစ် ၁၀၀ ကျော်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထံ လက်နက်ချခဲ့တယ်လို့ ကချင် စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ ငှက်ပျောတိုင်းရွာက အထိုင်ချစစ်တပ်ကို ဒရုန်းနဲ့ တိုက်ခိုက်၊ တော်လှန်ရေးတပ်များ၏ ကျပ်သိန်း ၇၀၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ပျက်စီး…

"စကမတပ် အသေအပျောက်မသိရသေးပေမယ့် မိမိတို့ ဒုန်းတစီး ပျက်စီးသွားခဲ့ရပြီး သိန်း (၇၀၀)လောက် ဆုံးရှုံးခဲ့ရပါတယ်။ အသိရှိသူများ ငွေကြေးတတ်နိုင်သူများ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်၊ ဖက်စစ် စစ်တပ်ကို အမြစ်ပြတ်အောင်တိုက်မဲ့ အဖွဲ့အစည်းတခု ငွေကြေးခက်ခဲပီး မိမိတို့အရင် အမြစ်ပြတ်သွားမှာလဲ စိုးရိမ်ရပါတယ်ဗျ။" လို့ Air Force One ဒရုန်းအဖွဲ့က ရေးသား ဖော်ပြထားပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။