မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁ ရက်မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ညဘက် ကင်းတာဝန်ကျချိန်မှာ ထွက်ပြေးလာခဲ့တာဖြစ်ပြီး ဒေါနတပ်ခွဲ ၄ ကို ဆက်သွယ်လာတာကြောင့် လမ်းပိုင်းတစ်နေရာကတစ်ဆင့် ဗျူဟာ ၃၃ နယ်မြေအတွင်း သွားရောက်ခေါ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့စစ်သားဟာ MA-1 တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ၅.၅၆ ကျည် ၂၅ တောင့် ယူဆောင်လာခဲ့တာကြောင့် ဆုကြေးငွေတွေ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေတစ်နေရာဆီ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းတက်ခဲ့ရပြီး ခေါဇာမြို့နယ်ခွဲရှိ ခလရ ၃၁ မှာ ၇ လခန့် တာဝန်‌ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါနတပ်ရင်း အနေနဲ့ အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေကို အမြဲတမ်း နွေးထွေးစွာကြိုဆိုနေတာကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရတဲ့ စစ်သားတွေနဲ့ အခြား စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ကာ နီးစပ်ရာကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ NUG အစိုးရ ဌာနဆိုင်ရာတွေက လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေဦးမြို့နယ်မီးဘေးလုံခြုံရေးနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊မြို့နယ် ပ.က.ဖ ကူညီကယ်ဆယ်ရေးနဲ့ မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးဟောပြောပွဲနဲ့ လက်တွေ့သရုပ်ပြသခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အရေးပေါ်လူနာ သွားခေါ်ရင်း စစ်တပ်၏ဗုံးသီး ထိမှန်ပြီး ၁၄ နှစ်အရွယ် လူမှုကူညီရေးအသင်းသား သေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရေးပေါ်လူနာ သွားရောက်သယ်ယူရင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ရဲ့  အသင်းသားတစ်ယောက် သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံက သိရပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။