မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ (၉) ရက်‌က စစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA1 (၁) လက်၊ကျည်ဘောက် (၄) ဘောက်၊ ကျည် (၁၂၃) တောင့်တို့နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ယောက်ကို ဒေါနစစ်ကြောင်း (၂) စစ်ကြောင်းမှူးက အခုလို အချိန်မီ ပြည်သူဘက် ကူးပြောင်းလာတဲ့အတွက် နွေးထွေးစွာကြိုဆိုသလို စစ်ကောင်စီဘက် ကျန်ရှိနေသူတွေလည်း ပြည်သူ့ဘက် လက်နက်ခဲယမ်းတွေနဲ့အတူ အချိန်မှီ အလင်းဝင်ရောက်ကြဖို့ အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး Profile ကမ်ပိန်းတွင် မိမိလုံခြုံရေး စိတ်ချရသူများ ပါဝင်ပေးကြရန် တိုက်တွန်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
Read More

ကောလင်းခရိုင်တပ်ရင်း ၂ ဆီ လက်နက်နဲ့ အလင်းဝင်လာသူတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၂ ထံ လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျပ်သိန်း ၃၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။