ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၀ရက် မနေ့က မနက်အစောပိုင်းမှာ Falcons Guerrilla Force နဲ့  KNLA တပ်ရင်း (၈) တပ်ဖွဲ့ဝင်တွေက ရွာကြီးအင်းရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်ထိခိုက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

မိနစ်၂၀ နီးပါး ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီးကျန်တဲ့စစ်သားတွေလည်း ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“အဲ့ဂိတ်က ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမကြီးနဲ့နီးတယ်ဗျ။ ခန့်မှန်းခြေအင်အား ၂၀ လောက်ရှိပါတယ်။ အများပြည်သူတွေရဲ့ အိမ်တွေထဲ ဝင်နေကြတာပေါ့။ တိုက်ပွဲမှာ သေတဲ့ကောင်သေနဲ့ တချို့ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ရွာကြီးအင်းရွာထဲဘက်ကို ထွက်ပြေးသွားကြပါတယ်။ အဲ့နောက်မှာတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပါတော့တယ်။” လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး ဝင်ရောက်ရှင်းလင်းချိန်မှာ စစ်သားအလောင်း ၃လောင်း၊ MA 1 သေနတ်၁လက်နဲ့ ခဲယမ်းတွေအပြင် စစ်သုံးဆောင်ပစ္စည်းတွေကိုတော်လှန်ရေးတပ်တွေ သိမ်ဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၄ ၏ စခန်းငယ်တစ်ခု စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရ၊ ကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆိုလာနှင့် မိုးတွင်းရိက္ခာများပျက်စီး

"နေပြည်တော် လယ်ဝေးမြို့နယ်ဘက်ကနေ အင်အား ၅၀၀နဲ့ တစ်ကြောင်းထိုးသလို ကိုးပင်- သာဂရဘက်ကနေလည်း အင်အား ၁၀၀နဲ့ ထိုးပါတယ်။ နောက်ပြီး တောင်တွင်ကြီး၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက ထုတ်နုတ်အင်အား ၆၀နဲ့ ထိုးတယ်ပေါ့။ အင်အား ၃ကြောင်း ခွဲထိုးတဲ့သဘောပေါ့။" လို့ နေပြည်တော် PDF တပ်ရင်း ၈၀၄ ရဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။