မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃၁ က စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ၃၃ နယ်မြေ ၊ ဒေါနတပ်ရင်း ၊ ‌တပ်ခွဲ(၄) (Kanbauk Defense Force) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁ ရက်မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ညဘက် ကင်းတာဝန်ကျချိန်မှာ ထွက်ပြေးလာခဲ့တာဖြစ်ပြီး ဒေါနတပ်ခွဲ ၄ ကို ဆက်သွယ်လာတာကြောင့် လမ်းပိုင်းတစ်နေရာကတစ်ဆင့် ဗျူဟာ ၃၃ နယ်မြေအတွင်း သွားရောက်ခေါ်ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့စစ်သားဟာ MA-1 တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ၅.၅၆ ကျည် ၂၅ တောင့် ယူဆောင်လာခဲ့တာကြောင့် ဆုကြေးငွေတွေ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေတစ်နေရာဆီ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၇) သင်တန်းတက်ခဲ့ရပြီး ခေါဇာမြို့နယ်ခွဲရှိ ခလရ ၃၁ မှာ ၇ လခန့် တာဝန်‌ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါနတပ်ရင်း အနေနဲ့ အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားတွေကို အမြဲတမ်း နွေးထွေးစွာကြိုဆိုနေတာကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံရတဲ့ စစ်သားတွေနဲ့ အခြား စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်ကနေ အမြန်ဆုံးရုန်းထွက်ကာ နီးစပ်ရာကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း၊ စစ်ကြောင်းနှင့် ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း၊ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ကြိမ် တိုက်ပွဲဖြစ်ပွား၊ အရာရှိ ၁ ဦးအပါ စစ်သား ၄ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်းစံပြကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်က အရာရှိ ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (Fire Dragon) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ ဆန့်ကျင်သည့်အနေနှင့် မန္တလေးနန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို BWM အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ ရှော့တိုက်ဒုံးတွေ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ် စိတ်ဓာတ်နဲ့အတူ တော်လှန်ရေးခရီး ဆက်လျှောက်မယ်လို့ TNLA ထံ MNDAA နဲ့ AA သဝဏ်လွှာပေးပို့

တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးရင်း တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမယ်လို့ တအာင်းတပ်မတော် TNLA ထံ ညီနောင်မဟာမိတ် နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။