မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ (၉) ရက်‌က စစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA1 (၁) လက်၊ကျည်ဘောက် (၄) ဘောက်၊ ကျည် (၁၂၃) တောင့်တို့နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ယောက်ကို ဒေါနစစ်ကြောင်း (၂) စစ်ကြောင်းမှူးက အခုလို အချိန်မီ ပြည်သူဘက် ကူးပြောင်းလာတဲ့အတွက် နွေးထွေးစွာကြိုဆိုသလို စစ်ကောင်စီဘက် ကျန်ရှိနေသူတွေလည်း ပြည်သူ့ဘက် လက်နက်ခဲယမ်းတွေနဲ့အတူ အချိန်မှီ အလင်းဝင်ရောက်ကြဖို့ အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDM ဝန်ထမ်းများ၏ စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုကြောင်းနှင့် တရားမျှတမှု ဆောင်ကျဉ်းပေးကြဖို့ တိုက်တွန်းကြောင်း NGU CDM Success Committee ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ CDM Success Committee က စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ Non CDM ပညာရေးဝန်ထမ်းတွေကို သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုမယ်

"CDM မလုပ်ခဲ့ကြဘူးဆိုပေမယ့် CDM လုပ်သွားကြတဲ့ ဝန်ထမ်းအားလုံးကို လေးစားပါတယ် ၊ အနှောင်အဖွဲ့မရှိပဲ လုပ်နိုင်ကြလို့လည်း အရမ်းဂုဏ်ယူရပါတယ်၊ ရင်ထဲကပဲ အားကျရုံပါ၊ တကယ်တန်း သူတို့တွေလောက် သတ္တိမရှိဘူး၊ အနှောင်အဖွဲ့တွေလည်း များတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရတော့မှာပဲ" လို့ အဲ့ဒီအမျိုးသမီးက ဆက်ပြောပါတယ်။
Read More

တလုပ်ကျေးရွာ စစ်အုပ်စုစခန်းကို စစ်ကြောင်း၃ခုဖြင့် ဝင်တိုက်၊ ၈ နာရီကြာ ထိတွေ့မှုပြီး စစ်အုပ်စုဘက် ၈ ယောက်ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ၈ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၈ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) တာဝန်ရှိသူ ရဲဘော်စမာက မောင်းကိုပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး သေဆုံး၊ (၄) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။