မန္တလေးမြို့မှာ အမျိုးသမီး ၁ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်ကို ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားလူတစ်စုက ဝိုင်းဝန်းလုယက်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ 

ဗီဒီယိုဖိုင်အတွင်း အမျိုးသမီးစီးနင်းလာတဲ့ Scoopy ဆိုင်ကယ်နောက်ကို  ဆိုင်ကယ် ၃ စီးနဲ့ အသက် (၃၀) ဝန်းကျင်အမျိုးသားတစ်စုက လိုက်ပါလာကာ အမျိုးသမီးကို ကိုယ်ထိလက်‌ရောက် ရိုက်နှက်ခဲ့ကြပြီး ဆံပင်ကိုဆွဲ ဒရွတ်တိုက်ဆွဲကာ ဆိုင်ကယ်ကို လုယက်ခဲ့ကြပါတယ်။ 

အခြားအမျိုးသား ၁ ယောက်ကလည်း ဓားရှည်ကိုကိုင်ဆောင်ထားပြီး အုပ်စုဖွဲ့လုယက်တာဖြစ်တဲ့ အတွက် အနီးဝန်းကျင်မှာလည်း ဘယ်သူမှ မကူညီရဲခဲ့ကြဘဲ ဆိုင်ကယ်လုယက်ခံခဲ့ရတယ်လို့ ကာယကံရှင်ရဲ့ သူငယ်ချင်းက လူမှုကွန်ရက်မှာ မျှဝေရေးသားဖော်ပြခဲ့ပါတယ်။ 

ဖြစ်စဉ်ဟာ ဇွန်လ ၇ ရက် မနက်အစောပိုင်းက မဟာအောင်မြေမြို့နယ် ၇၁လမ်း ၊ ၃၈ လမ်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေ ဖမ်းဆီးမိကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ခြင်းမတွေ့ရသေးပါဘူး။ 

စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်မှု မရှိသလောက် နည်းပါးလျက်ရှိနေပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် ပိုင်ဖြိုးသု၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အကယ်ဒမီပိုင်ဖြိုးသုက မတရား ချုပ်နှောင်ခံထားရခြင်းကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်း စကား ပြောကြားခဲ့ပါတယ်။
Read More

ဒီမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်‌ပေါင်းစုတွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) က ဒီနေ့ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

၂၁ ရက် အပစ်ရပ်ကြေညာထားသည့် အကြမ်းဖက်စစ်ကောင်စီ ကနီမြို့ကို လေကြောင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကို ဧပြီ ၃ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမှာ တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁၆ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဂုံညင်းဆိပ်ကျေးရွာအနီး တပ်ချိန်းဖို့သွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ယောက်သေပြီး ၈ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။