ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ပိုင်ရပ်ကျေးရွာမှာ မူလတန်း ကလေးငယ် ၃ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးစေခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ Cluster ဗုံးအမျိုးအစားကို အသုံးပြုခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၉ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က ကျုံဒိုးမြို့နယ်၊ ပိုင်ရပ်ကျေးရွာအတွင်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်တွေမှာ ပညာသင်ယူနေတဲ့ အသက် ၆ နှစ်နဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ် ၂ ယောက်၊ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၄၀ အရွယ် ကျောင်း ဆရာမ ၁ ယောက်နဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသူကျောင်းသား ၁၈ ယောက် အပါအဝင် ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကလာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံး အမျိုးအစားဖြစ်တာကို တွေ့ရှိရတယ်လို့ KNU က ဆိုပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ဒဏ်ရာရ ကလေးငယ်တွေဟာ Grade 1 နဲ့ Grade 2 မူလတန်း ကျောင်းသူကျောင်းသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတဲ့ မုဒုံက စစ်ကောင်စီရဲ့ အမတ – ၃၁၈ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ-၃၁၈ ဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် - MSRF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းတွင် မြေပြင်အခြေအနေများ အမြဲမပြတ်လေ့လာရင်း မှန်ကန်ပြီး အလုပ်ဖြစ်သည့် စီမံမှုများ ဖြစ်အောင် ကြိုးပမ်းကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းမှာ မြေပြင်အခြေအနေတွေကို အမြဲမပြတ်လေ့လာရင်း မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလုပ်ဖြစ်တဲ့ စီမံမှုတွေ ဖြစ်အောင် ကြိုးပမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ အဓမ္မပေါ်တာဆွဲခံရသည့် စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG အစိုးရ တိုက်တွန်း၊ လူငယ် ၇ သောင်းနီးပါးကို စစ်ကောင်စီ အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းကာ စစ်မြေပြင်များဆီ စေလွှတ်အသုံးချနေဟု ဆို

အပတ်စဥ် ၁ ခုကို စစ်သားသစ် ၄၀၀၀ ရရှိအောင် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဓမ္မ ဖမ်းဆီး ပေါ်တာဆွဲခံရကာ စစ်သားဖြစ်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့မှာ အသိပေးဖိတ်ခေါ်ချက် ထုတ်ပြန်ကာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။