ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) မှာ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ (၃၃) အရ အရေးယူပြီး သမိုင်းဝင် ခြေတစ်လှမ်း လှမ်းခဲ့ပါတယ်။ ဒီလို ရှားပါးတဲ့လုပ်ဆောင်ချက်ဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ကျူးလွန်ခြင်းအတွက် စစ်ကောင်စီကို တာဝန်ခံစေတာဖြစ်ပါတယ်။

ဒါဟာ အခြေခံအခွင့်အရေးတွေကို အဆိုးရွားဆုံး ချိုးဖောက်မှုတွေအတွက် ILO အနေနဲ့ သူ့ရဲ့ အစွမ်းအထက်ဆုံး ပြဋ္ဌာန်းချက်အာဏာတည်စေရေး ကိရိယာကို အသုံးပြုတာ တတိယအကြိမ်မြောက်သာ ရှိနေသေးတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးရွားမှုကို ပိုပြီး ထင်ရှားစေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ အလုပ်သမားတွေဟာ ထောင်ချခံရသလို အဓမ္မအာဏာသုံးတာကြောင့် ပုန်းအောင်းရတဲ့အပြင် သူတို့ရဲ့ အခြေခံ လွတ်လပ်ခွင့် အများစုကို ဖယ်ရှားခံခဲ့ရပါတယ်။

စစ်ကောင်စီဟာ ILO ရဲ့ ၂၀၂၃ ခုနှစ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သမဂ္ဂခေါင်းဆောင်တွေအပေါ် အကြမ်းဖက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ချက်ချင်းအဆုံးသတ်ရေး၊ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားသမဂ္ဂဝင်တွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ရာဇ၀တ်မှုစွဲချက်တွေကို ရုပ်သိမ်းရေး၊ စစ်တပ်ရဲ့ အဓမ္မခိုင်းစေမှုနဲ့ ကလေးလုပ်သားအသုံးပြုမှုတွေ အဆုံးသတ်ရေးတို့ကို အဆိုပါ ကော်မရှင်က တောင်းဆိုခဲ့ပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှုဆီကို လျှောက်လှမ်းနိုင်မယ့် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ပေမယ့် တော်လှန်တိုက်ပွဲကတော့ မပြီးဆုံးသေးပါဘူး။

“ပုဒ်မ ၃၃ ကို လက်ခံကျင့်သုံးခြင်းဟာ မြန်မာစစ်အစိုးရဆီ အားကောင်းတဲ့ သတင်းစကား ပေးပို့ခြင်းပဲ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျနဲ့ ဆက်တိုက်ဆိုသလို ချိုးဖောက်နေတာတွေ ရင်ဆိုင်ရချိန်မှာ ကမ္ဘာကြီးအနေနဲ့ နှုတ်ဆိတ်နေမှာမဟုတ်ပါဘူး” လို့ IndustriALL အထွေထွေအတွင်းရေးမှူး Atle Høie က ပြောပါတယ်။

“အခု ဒီဆုံးဖြတ်ချက်ဟာ တကယ့်အကျိုးဆက်တွေဆီကို ဦးတည်သွားရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ အဆက်အသွယ်ဖြတ်ဖို့၊ မြန်မာ့တရားဝင် ဒီမိုကရက်တစ် အင်အားစုတွေကို ကူညီပံ့ပိုးပေးဖို့နဲ့ ပိုကောင်းမွန်တဲ့အနာဂတ်အတွက် အရာအားလုံးကို စွန့်လွှတ်ပြီး စုစည်းခဲ့ကြတဲ့ အလုပ်သမားတွေနဲ့အတူ ရပ်တည်ပေးဖို့ ကျနော်တို့အနေနဲ့ အစိုးရတွေနဲ့ အလုပ်ရှင်တွေ အားလုံးကို တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။

“ပုဒ်မ (၃၃) ကို လက်ခံကျင့်သုံးဖို့ ကျမတို့အနေနဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့တယ်၊ အသက်အန္တရာယ်ကို စွန့်စားကာ ဖိနှိပ်မှုတွေကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောဆိုကြတယ်။ ကျမတို့ရဲ့ အသံကို ကမ္ဘာကကြားပြီး ကျမတို့နဲ့အတူ ရပ်တည်နေတယ်ဆိုတာ ဒီဆုံးဖြတ်ချက်က အချက်ပြနေတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ လက်ရှိမှာ စကားလုံးတွေထက် ပိုပြီးလိုအပ်တယ်၊ စစ်ကောင်စီရဲ့ အာဏာကို ဖြတ်တောက်ပြီး အလုပ်သမားတွေကို ပံ့ပိုးကူညီတဲ့ စစ်မှန်တဲ့ လုပ်ဆောင်ချက်တွေကို ကျမတို့အနေနဲ့ လိုအပ်တယ်” လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်(IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာက ပြောပါတယ်။

ယခင် စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်တုန်းကလည်း အဓမ္မလုပ်အားပေး ခိုင်းစေမှုအတွက် မြန်မာပြည်အပေါ် ပုဒ်မ (၃၃) ချမှတ်ခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်မှာတော့ အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်မှုအပေါ် ဘယ်လာရုစ်နိုင်ငံအပေါ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း – Historic step towards justice: ILO adopts Article 33 resolution on Myanmar

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်နယ်အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံးပြီး ၃၀ ဝန်းကျင်ခန့် ဒဏ်ရာရ

မကွေးတိုင်း ၊ ပေါက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။