မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခလရ (၂၉၉) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ်(YGF) က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ (၉) ရက်‌က စစ်ကောင်စီရဲ့ ခလရ ၂၉၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ MA1 (၁) လက်၊ကျည်ဘောက် (၄) ဘောက်၊ ကျည် (၁၂၃) တောင့်တို့နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ ၂ ယောက်ကို ဒေါနစစ်ကြောင်း (၂) စစ်ကြောင်းမှူးက အခုလို အချိန်မီ ပြည်သူဘက် ကူးပြောင်းလာတဲ့အတွက် နွေးထွေးစွာကြိုဆိုသလို စစ်ကောင်စီဘက် ကျန်ရှိနေသူတွေလည်း ပြည်သူ့ဘက် လက်နက်ခဲယမ်းတွေနဲ့အတူ အချိန်မှီ အလင်းဝင်ရောက်ကြဖို့ အသိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစလို့ လူငယ်များ၏ မလုံခြုံမှု ၂ ဆကျော် မြင့်တက်လာ၊ စစ်မှုထမ်းစုဆောင်းခံရမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ရင်ဆိုင်လာရဟု UNDP ဆို…

အကြမ်းဖက်စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ လူငယ် ၇ ယောက်မှာ ၁ ယောက်က လုံခြုံရေးအတွက် စိုးရိမ်နေရပြီး စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် အမျိုးသားလူငယ်တွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကြား စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်နေစေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုစစ်တမ်း UNDP က ပြောပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းဖြင့် လွတ်လာသည့် ၁၇/၁ ကပ်လျက်အမှုတွဲများကို စစ်တပ် ပြန်ဖမ်းနေ

စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။