ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်လာတဲ့ အထက်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဆုကြေးငွေ ၅ သိန်းဆီ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ ပဲခူးတိုင်း ပြည်မြို့က ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွေမှာ အလုပ်သွား အလုပ်ပြန် လုပ်နေရင်း စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း၊ အဲ့ဒီနောက် စစ်သင်တန်းတက်ရောက်ရင်း မြဝတီ ခလရ ၂၇၅ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြရတာဖြစ်ကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။

“သူတို့က မတရား ပေါ်တာဆွဲခံရပြီး စစ်သင်တန်းတက်၊ စစ်သားဖြစ်တာ လပိုင်းပဲရှိသေးတယ် ပြောပါတယ်။ အဲ့ဒါ စစ်တပ်လက်အောက်မှာ လုပ်ချင်စိတ်မရှိလို့ ထွက်လာပြီး ကျနော်တော်တို့ဆီ ရောက်လာကြတာပါ။ လက်ရှိအနေအထားအရတော့ စစ်ကောင်စီကို ကျနော်တို့နဲ့ လက်တွဲပြီး ပြန်တော်လှန်ကြမယ်လို့ပြောပါတယ်” လို့ ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ ဆက်သွယ်အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ အထိ ရှိနေပြီဖြစ်ပြီး အများစုဟာ အောင်ဇေယျစစ်ကြောင်းကဖြစ်တယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ဆီ ရောက်လာတဲ့သူတွေရဲ့ ပြောပြချက်အရ သူတို့တွေ မလုပ်ချင်ကြတော့ဘူး။ တဖက်ကလည်း ဆိုက်ဝါးတွေ ထည့်ထားတာပေါ့။ မင်းတို့‌ပြေးလည်း သူတို့မင်းတို့ကို သတ်မှာပဲပေါ့။  တချို့ ကျနော်တို့ဆီ အရဲစွန့်ထွက်ပြေးပြီး ရောက်လာတဲ့သူတွေထဲ ဝမ်းနည်းမျက်ရည်ကျတာတောင်ရှိတယ်။ သူတို့သိထား၊ ကြားထားတာနဲ့ ဒီဘက်ကအခြေအနေနဲ့က တခြားစီဖြစ်နေတော့လေ။ကျနော်တို့ တော်လှန်ရေးသမားတွေမှာလည်း စည်းရှိတယ်ဗျ။ ငါ့နဲ့မတူ ငါ့ရန်သူဆို ကျနော်တို့တော်လှန်ရေးကကြာနေမှာ တိုက်ရင်းစည်းရုံး/စည်းရုံးရင်းတိုက်မှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ရောက်မှာလေ” လို့ ဗျူဟာ (၃၁) တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ပုံစာ – အလင်းဝင်ရောက်လာသူများအား ဗျူဟာ ၃၁ မှ ဆုကြေးငွေ ပေးအပ်နေစဉ် (ဓာတ်ပုံ ဗျူဟာ ၃၁)

0 Shares:
You May Also Like
Read More

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် CDF ဟားခါးက ဆုငွေချီးမြှင့်ခဲ့တယ်လို့ Chinland Defense Force - CDF ဟားခါးက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့သည့် MDY-PDF ၏ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် - ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

ထိန်းချုပ်ဒေသများအတွင်း ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ပေးနေသည်ဟု သတင်းထွက်ပေါ်နေမှုအား TNLA ငြင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်လို့ သတင်းထွက်ပေါ်နေမှုတွေအပေါ် TNLA က ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုလိုက်ပါတယ်။