စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်ရဲ့ ထပ်မံရရှိထားတဲ့ အပျက်အစီး မှတ်တမ်းဓာတ်ပုံတွေကို ​ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းက ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း PLA က ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ တိုက်လေယာဉ်ရဲ့ အပျက်အစီး ဓာတ်ပုံတွေကို ထပ်မံထုတ်ပြန်ဖော်ပြထားတာပါ။

PLA  ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကျေးရွာတစ်ရွာထဲ ထိုးစိုက်ဆင်းသွားပြီး လေယာဉ်မှူး သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ PLA က ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ကျရာ နေရာက အိမ် ၁ လုံးထဲမှာ ရုပ်အလောင်း ၃ လောင်းနဲ့ ခြံ၀န်းထဲမှာ ရုပ်အလောင်း ၁ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၄ ခု တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အချို့ရုပ်အလောင်းတွေက လုံး၀မီးကျွမ်းထားပြီး အချို့မှာ မီးဆက်မလောင်ဘဲ ရှိနေသလို ရုပ်အ‌လောင်းတွေဟာ မီးကျွမ်းထားတာကြောင့် လေယာဉ်မှူးရဲ့ ရုပ်အလောင်းကို ခွဲခြား အတည်မပြုနိုင်သေးဘဲ လေယာဥ်အမျိုးအစားကိုလည်း စုံစမ်းနေဆဲ ဖြစ်တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှုအတွင်း သင်တန်းသား စစ်အရာရှိများအပါ အယောက် ၃၀ ခန့် ပွဲချင်းပြီး သေဆုံး၊ သင်တန်း ဒုကျောင်းအုပ်ကြီးအပါ အယောက် ၅၀ ကျော် ဒဏ်ရာရကာ ထိခိုက်ပျက်စီးမှု များပြား

အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ သင်တန်းသား စစ်အရာရှိ အယောက် ၂၀ ထက်မနည်း သေပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

"သူတို့က စစ်ကြောင်းကို နောက်ချန်နဲ့ထိုးတာဆိုတော့ စစ်ကြောင်းကျော်သွားရင်လည်း နောက်ချန်တွေနဲ့ ဗျူဟာပြောင်းလာတယ်ဗျ။ စုပေါင်းအင်အားအတော်များပါတယ်။ ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှောင်နေရတဲ့လူတွေလည်း မနည်းဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁ယောက်က မောင်းကိုပြောပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

ကျောက်ကြီးက စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို KNLA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးကာ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။