ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၀ရက် မနေ့က မနက်အစောပိုင်းမှာ Falcons Guerrilla Force နဲ့  KNLA တပ်ရင်း (၈) တပ်ဖွဲ့ဝင်တွေက ရွာကြီးအင်းရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်ထိခိုက်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

မိနစ်၂၀ နီးပါး ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီးကျန်တဲ့စစ်သားတွေလည်း ဒဏ်ရာကိုယ်စီနဲ့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“အဲ့ဂိတ်က ကျောက်ကြီး-ပဲနွယ်ကုန်းလမ်းမကြီးနဲ့နီးတယ်ဗျ။ ခန့်မှန်းခြေအင်အား ၂၀ လောက်ရှိပါတယ်။ အများပြည်သူတွေရဲ့ အိမ်တွေထဲ ဝင်နေကြတာပေါ့။ တိုက်ပွဲမှာ သေတဲ့ကောင်သေနဲ့ တချို့ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ရွာကြီးအင်းရွာထဲဘက်ကို ထွက်ပြေးသွားကြပါတယ်။ အဲ့နောက်မှာတော့ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပါတော့တယ်။” လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအပြီး ဝင်ရောက်ရှင်းလင်းချိန်မှာ စစ်သားအလောင်း ၃လောင်း၊ MA 1 သေနတ်၁လက်နဲ့ ခဲယမ်းတွေအပြင် စစ်သုံးဆောင်ပစ္စည်းတွေကိုတော်လှန်ရေးတပ်တွေ သိမ်ဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ဆီမီးခုံဆေးရုံကို အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးစာမိလို့ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

PDF ရဲဘော်များ မကြာခင် ပြန်လွတ်လာမည်၊ အနည်းငယ် နားလည်မှုလွဲရုံသာဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးထိ ဆက်တိုက်သွားမည်ဟု ဗျူဟာ ၃၃ နည်းဗျူဟာမှူး စောဒါးကို အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။