ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်အချိန်မှာ ပေါင်းတည်မြို့နယ်အပိုင် ညောင်နီပင်ရွာကနေ အင်အား (၁၀၀)ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ညောင်နီပင်အုပ်စု ညောင်နီပင်ရွာနဲ့ မအူကွင်းရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့က ဒီကောင်တွေ ညောင်နီပင်ကနေ ထွက်လာပြီဆိုတဲ့ သတင်းကို ကြိုရထားတာပေါ့နော်။ ၂ဖွဲ့ခွဲတက်လာတာပေါ့နော်။ ရှေ့ကနေ အင်အား ၄၀ လောက်က အရင်တက်လာတယ်။ ကျနော်တို့က အဲဒီအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်တာပေါ့နော်။ တိုက်ပွဲကတော့ ကြာပါတယ်။ ၉ လောက်ကနေ စတိုက်တာ နေ့လည် ၂ ချက်ထိုးလောက်ထိ ကြာသွားပါတယ်။ သေဆုံးအလောင်းတွေကလည်း မျက်မြင်ပါပဲ” လို့  ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။ 

တိုက်ပွဲဟာ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၁ယောက် နေရာမှာတင်သေဆုံးကာ ၈ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးရဲဘော်  ၂ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေထံက ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၂)လက်၊ MA1 (၂)လက်၊ MA3 (၆)လက်၊ လက်ပစ်ဗုံး (၂) လုံး ၊ MA1ကျည်ဘောက် (၃)ဘောက် ၊ MA3 ကျည်ဘောက် (၅) ဘောက် ၊ G3 ကျည်ဘောက် (၁)ဘောက် ၊ 5.56ကျည် (၅၆)တောင့်၊ 7.62ကျည် (၁၆) တောင့် ၊ icom (၁) လုံး၊ WY စိတ်ကြွဆေး (၁၅၀) ပြားနဲ့ အခြား စစ်အသုံးဆောင် ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က နေ့လယ် ၃ နာရီဝန်းကျင်အချိန်မှာ တောင်ငူလေတပ်က Jet Fighter (၂) စီးနဲ့ ဗုံးသီး (၆) လုံး ကြဲချခဲ့ပြီး ညနေ ၅ နာရီအချိန်မှာလည်း  ပြည်မြို့ဘက်က စက်တပ်လေထီး ၂ စီးနဲ့ ဗုံးသီး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်အပိုင်ထဲက သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်း၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ (၂၁) လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်း တပ်ရင်းရုံး၊ တပ်ခွဲ (၃) တပ်ခွဲ (၄)၊ ပြည်ခရိုင် (ပကဖ)၊ ရွှေတောင် (ပကဖ)၊ ပေါက်ခေါင်း (ပကဖ)နဲ့ ၃၈၀၁တပ်ရင်း တပ်ခွဲ (၃) နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ(၆) ဧရာညီနောင်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမှာ တော်လှန်ရေးရဲဘော်တွေကို ခရစ္စမတ်လက်ဆောင်တွေပေး (ဓာတ်ပုံသတင်း)

ရွှေဘိုမှာ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သပိတ်အင်အားစုတွေက ခရစ္စမတ် လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

မင်းပြားမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း မိသားစုဝင် ၂၂၅ ဦးကို AA ပြန်လွှတ်ပေး…

ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ယောက်ကို ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။