ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ PNO/PNA ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၆ တပ်ရင်း (ဖယ်ခုံ PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် ထိစပ်ရာဒေသဖြစ်တဲ့ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို ဇွန်လ(၂)ရက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲ တစ်ပတ်တာ ကာလအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို PNO/PNA ပြည်သူ့စစ်ဘက်က (၅) ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေ ရှိနေတဲ့ ရှမ်းတောင်-ကရင်နီ နယ်စပ်ဒေသ ကုန်းသာကျေးရွာမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF နဲ့အတူ ဖယ်ခုံPDF(1006) တပ်ရင်းတို့ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေတာကြောင့် ဖယ်ခုံမြို့နယ်တစ်ဝှမ်းမှာလည်း စစ်ရေးအခြေအနေတွေ တင်းမာလာနိုင်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေမှုတွေ ရှိနေတဲ့ကာလအတွင်း စစ်ကောင်စီတပ်က ပြည်သူအများနေထိုင်ရာ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ လက်နက်ကြီးတွေ အဆက်အပြတ်ပစ်ခတ်နေခဲ့တာပ်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုဟာ ကလေးသူငယ်နဲ့ အမျိုးသမီးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ပြည်သူတွေအနေနဲ့လည်း မိမိလုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေ အသိပေးထုတ်ပြန်ထားတဲ့ စစ်ရေးသတိပေးချက်တွေကို လိုက်နာဆောင်ရွက်ဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် PNO/PNA ပြည်သူ့စစ်ရဲ့ ဦးဆောင်လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းတွေဟာ ရောက်ရှိရာ ကျေးရွာတွေတစ်လျှောက် ပြည်သူတွေကို အတင်းအကြပ်စစ်မှုထမ်းစေခြင်း၊ ငွေကြေး အတင်းအဓမ္မတောင်းခံခြင်းတွေ ပြုလုပ်နေတဲ့အပြင် ညှင်းပန်းနှိပ်စက်မှုတွေလည်း ရှိနေတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

တာချီလိတ်တွင် ယာဥ်တိုက်မှုအပြီး မောင်းပြေးသည့်ကားကြောင့် သားအမိ ၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဆိုင်ကယ်ကို ဝင်တိုက်ခိုက်ပြီးနောက် မောင်းနှင်ထွက်ပြေးတဲ့ကားက လမ်းထဲမှာရှိတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို ထပ်မံ တိုက်မိတာကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

မိုးဗြဲနှင့် စလင်းဘက်တွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ထား

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်း နေရာတော်တော်များများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ရှမ်းတောင် - (ကယား) ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။