နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့၊ ည ၁၂ နာရီကျော် အချိန်မှာ အမှတ်(၃) စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ရထပ-၁(မိတ္ထီလာ) က ပြည်သူ့စစ်မှုထမ်းစစ်သား ကိုနန်းစောင် ဆိုသူကို တပ်တူပြီး အိပ်ဆောင်(၈)မှာ အတူနေထိုင်တဲ့ သန္ဓေစစ်သား ၁ယောက်က ကတ်ကြေးနဲ့ ထိုးသတ်ခဲ့တယ်လို့ သိရပါတယ်။ 

“သန္ဓေတပ်သားဆိုတာက စစ်မှုထမ်းမှ တပ်ထဲဝင်ရသူတွေ မဟုတ်ဘဲ သူတို့ ကိုယ့်သဘောနဲ့ကိုယ် တပ်ထဲဝင်လာတဲ့သူတွေ၊ အဲ့လိုဆိုတော့ စီနီယာ ဂျူနီယာ အဆင့်ကိစ္စတွေလည်း ရှိတာပေါ့ တပ်ထဲမှာက။ လောလောဆယ်ကတော့ စကားများရန်ဖြစ်ရာကနေ စဖြစ်တာလို့ သိထားရတယ်” လို့ ပြည်သူ့ရင်ခွင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ပြည်သူ့စစ်မှုထမ်းတပ်သားနဲ့ သန္ဓေတပ်သားတို့ ၂ယောက်ဟာ ကျွေးမွေးရေးကိစ္စ ဆောင်ရွက်စဉ်မှာ စကားများကြကြောင်း၊ ည ၉နာရီ တန်းစီချိန်မှာလည်း ထပ်မံစကားများကြောင်း၊ အဲဒီနောက် ည၁၂ ဝန်းကျင် အချိန်မှာမှ ကိုနန်းစောင် အိမ်သာကို သွားစဉ်အချိန်မှာ အသင့်စောင့်နေတဲ့ သန္ဓေတပ်သားက အနောက်ကနေ လိုက်လာပြီး သယ်ဆောင်လာတဲ့ ကတ်ကြေးနဲ့ ကိုနန်းစောင်ရဲ့ လည်ပင်းကို မသေမချင်း ထိုးသွင်းသတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“သူက ကတ်ကြေးနဲ့ ထိုးပြီး အိမ်သာရှေ့က မြက်ခင်းမှာပဲ ထားခဲ့တာ။ လူတွေတွေ့တော့မှ တပ်ဆေးခန်းကို အရင်ပို့ကြတယ် အဲ့အချိန်မှာ အသက်က ငွေ့ငွေ့ပဲ ကျန်တယ်တဲ့။ အဲ့ကနေမှ ကုတင် ၁၀၀၀ ကိုပို့တာမှာ ဆုံးတာ။ ပြောရရင် လမ်းမှာတင် သေတာပေါ့နော်” လို့ အခြေအနေတွေကို ပြောပြပါတယ်။ 

ဒီဖြစ်စဉ်ကို စစ်ကောင်စီဘက်ကတော့ စကားများရန်ဖြစ်ပြီး မတော်တဆ လက်လွန်ကာ  လူသေမှုဖြစ်သယောင် သတင်းလွှင့်ထားတယ်လို့ ကနဦး သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

လားရှိုးမြို့ကို လေကြောင်းကနေတိုက်ခိုက်ဖို့ စစ်ကောင်စီကို သတင်းပေးခဲ့သူ ၂၀ ကျော်ကို MNDAA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါ ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

KNDF တပ်ရင်း ၆ မှာ တော်လှန်ရေးရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင် ပြသ

ကရင်နီပြည်အတွင်း စစ်အာဏာရှင်စနစ် လက်နက်ကိုင် တော်လှန်ရေးကို အခြေခံပြီး Karenni Arts Creation(KAC)အဖွဲ့က ရိုက်ကူးထားတဲ့ Lose and Hope တော်လှန်ရေးရုပ်ရှင်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ် (၆) တပ်ရင်းမှာ လာရောက်ပြသခဲ့တယ်လို့ သိရပါတယ်။