ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဗိုလ်မိုးဝေကျော်နဲ့ တပ်သား ဖြိုးကိုကိုတို့ သေဆုံးပြီး ၆ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။အဆိုပါ လေတပ်ဌာနချုပ်ကို သွားရောက်ပစ်ခတ်ဖို့အတွက် လနဲ့ချီ ပြင်ဆင်ခဲ့ရပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ပေးဖို့လာတဲ့ ဖရဲသီးတွေသတင်းအရ ဖြိုးကိုကို နဲ့ ဗိုလ်မိုးဝေကျော် ထိခိုက်ကျသွားတယ်။ ဖြစ်စဉ်အနီးမှာ ပျော်ပွဲစားခရီးထွက်မယ့် စကစ မိသားစုဝင်တွေရဲ့ ကားကိုလည်း ထိခဲ့ပြီး ဒဏ်ရာရသွားတယ်လို့ သိရတယ်”လို့ Civilian Military SRDF တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မိုးဝေကျော်ဟာ မြစ်ကြီးနားကနေ ပြောင်းရွှေ့ခံရတာ လအနည်းငယ်လောက်သာ ရှိသေးပြီး တပ်သား ဖြိုးကိုကိုကတော့ ရခိုင်ပြည် ရှေ့တန်း ၇၅၇ စစ်ကြောင်းကနေ ပြောင်းရွှေ့လာတဲ့ တပ်သားဖြစ်တယ်လို့ သိရပါတယ်။

သွားရောက်ပစ်ခတ်တဲ့နေ့မှာ လေယာဉ်တွေကိုအဓိက ပစ်မှတ်ထား တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် Hangers တွေထဲမှာ ထားထားတဲ့အတွက်ကြောင့် ပစ်ခတ်ဖို့ အဆင်မပြေတော့တဲ့အတွက် စစ်ကောင်စီတပ်သားတွေကို ပစ်မှတ်ပြောင်းခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military SRDF တပ်ဖွဲ့ နဲ့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါဟာ မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးပါးသွားတဲ့ ကလေးတွေအတွက် လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

မှော်ဘီမြို့ရှိ လေတပ်ဌာနချုပ်ကို Civilian Military SRDF တပ်ဖွဲ့အနေနဲ့ အခုလို သွားရောက်ပစ်ခတ်တာ ဒုတိယအကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နွေဦးဘဏ်က တစ်ရက်တာအတွင်းဒေါ်လာ ၂ ဒသမ ၂ သန်းကျော်အထိ ရှယ်ယာရောင်းချနိုင်ခဲ့

NUG ရဲ့  ဗဟိုဘဏ်လည်း ဖြစ်တဲ့ နွေဦးဘဏ်က ရှယ်ယာရောင်းချမှုအဖြစ် တစ်ရက်တာအတွင်း ဒေါ်လာ ၂ ဒသမ ၂ သန်းကျော်ရရှိခဲ့ကြောင်း Spring Development Bank က မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။  
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း အရပ်သားပစ်မှတ်များပါမချန် လေယာဥ်နှင့် ဗုံးကြဲနေသည့် စစ်ကောင်စီက EROs များ အပစ်ရပ်ကြေညာမှု လိုက်နာဖို့ ပြောပြန်

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EROs) အပစ်ရပ်ကြေညာမှု လိုက်နာဖို့ တိုက်တွန်းကြောင်း ပြောဆိုလိုက်ပြန်ပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

“မကွေးဆီသို့ ကမ်ပိန်း” မှ ထောက်ပို့သည့် ကာကွယ်ရေးပစ္စည်းများ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံ ရောက်ရှိ

မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် “မကွေးဆီသို့ ကမ်ပိန်း” ကနေ ထောက်ပို့ကူညီတဲ့ ကာကွယ်ရေးပစ္စည်းတွေ မြေပြင်ရဲဘော်တွေထံ ရောက်ရှိပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။