ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကင်းထိုင်ရာ ရွာ ၂ ရွာကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702 က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၃၁ ရက်က ‌ညောင်ရွှေမြို့နယ်အတွင်း ကင်းချိန်းပြီး ပြန်လာတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့ရဲဘော်တွေ စီးနင်းလာတဲ့ ယာဉ်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး ၆ လုံးနဲ့ လိုက်လံပစ်ခတ်ပြီး အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ဇွန်လ ၁ ရက်မှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး ဇွန်လ ၂ ရက်က စစ်ကြောင်းထိုးလာရာ တော်လှန်ရေးရဲဘော်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တွေ ခဲယမ်းနည်းပါးမှုကြောင့် ကင်းထိုင်ရာ ရွာ ၂ ရွာကို ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ကျေးရွာနေအိမ်တွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

Video – ရှမ်းတောင်အထူးတပ်ဖွဲ့ P.3-9702

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် စစ်သား ၆ ယောက် သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး ပြန်လာတဲ့ PLA ရဲဘော်တွေကို အညာမြေလူထု အကအလှတွေနဲ့ သောင်းသောင်းဖြဖြကြိုဆို (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး အညာမြေ ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲဘော်တွေကို အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ပြည်သူတွေက အကအလှတွေနဲ့ သောင်းသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အောင်လံတွင် မိုင်းကွင်းစစ်ဆေးရန်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ‌အောင်လံမြို့နယ်အတွင်း ခလရ ၂၁ က အင်အား ၂၀ ဝန်းကျင်နဲ့ မိုင်းကွင်းစစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဆားတောင်မြို့ ရဲစခန်းနဲ့ အထက်ကျောင်းမှာ အထိုင်ချထားတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အောက်တိုဘာ ၁ ရက် ညနေပိုင်းက ဆားတောင်မြို့ရဲစခန်းမှာ ပြည်သူတွေကို အနိုင်ကျင့်ငွေတောင်းနေတဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ဆား‌‌တောင်မြို့အထက်ကျောင်းအတွင်း ဘောလုံးကန်နေတဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ စလင်းပကဖရဲဘော်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိူက်ပြီး ပြန်လာတဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူ တွေက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ စလင်းပကဖမှ ထုတ်ပြန်ထားပါတယ်။