စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ – Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗုံးသီးကျရောက်ရာ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ၀န်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတစ်နေရာကိုလည်း လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး Profile ကမ်ပိန်းတွင် မိမိလုံခြုံရေး စိတ်ချရသူများ ပါဝင်ပေးကြရန် တိုက်တွန်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့် စစ်တပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲ ၃ကြိမ်ဖြစ်၊ အကြမ်းဖက် စစ်ကော်မရှင်ဘက်က ၂၅ ဦး သေပြီး၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၃ ရက် ဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၂၅ ယောက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDSOM ဗိုလ်စင်္ကြာစစ်ကြောင်း ရဲဘော် စမာက မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။