စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပစ်ချခံခဲ့ရတဲ့ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မင်းတိုင်ပင်ကျေးရွာ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်က စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က အဆိုပါဂျက်ဖိုက်တာကို သူတို့ပစ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာရဲ့ လေယာဉ်အမျိုးအစားနဲ့ လေယာဉ်မှူးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကို ဆက်လက်စိစစ်နေဆဲ ဖြစ်တယ်လို့ PLA က ဆိုပါတယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ ရက်ကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

KNDF ရဲ့ အမှတ် (၄) စစ်နည်းဗျူဟာသင်တန်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ အမှတ် (၄) စစ်နည်း ဗျူဟာ သင်တန်းက ရဲဘော်ရဲမေတွေရဲ့ ပုံရိပ်တွေကို KNDF တပ်ရင်းအမှတ် ၅ က ဒီဇင်ဘာ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ 96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က တော်လှန်ရဲဘော်တွေရဲ့ ရှေ့တန်းရောက်ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။