အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထဲကို နျူကလီးယားစွမ်းအင်သုံးလက်နက် တစုံတရာ ရောက်ရှိသွားရင် ဒေသတွင်းနိုင်ငံတွေအတွက် မတွေးဝံ့စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၁၂/၂၀၂၅” မှာ ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ နျူကလီးယားနည်းပညာရရှိရေး အရှိန်မြှင့် ကြိုးပမ်းလာမှုကို NUG အစိုးရအနေနဲ့ အလေးအနက် စိုးရိမ်ပူပန်မိပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက်သာမက အာဆီယံဒေသတွင်း ပြည်သူတွေအားလုံးရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်မှာ တိုင်းပြည်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို စိတ်တိုင်းကျအသုံးပြုပြီး မြန်မာပြည်သူလူထုကို နေ့စဉ်ရက်ဆက် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်ထဲကို နျူကလီးယားစွမ်းအင်သုံး လက်နက် တစုံတရာ ရောက်ရှိသွားမယ်ဆိုရင် ဒါဟာ ဒေသတွင်း နိုင်ငံတွေအတွက်ပါ မတွေးဝံ့စရာ အခြေအနေတခု ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နျူကလီးယား စွမ်းအင်ရရှိရေး အစီအစဉ်တွေ ဆောင်ရွက်နေမှုကို အထူးအလေးအနက်ထား စဉ်းစားပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အရပ်သားအစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ နျူကလီးယားပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ကွန်ဗင်းရှင်းတို့ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့သလို နျူကလီးယားလက်နက် စမ်းသပ်မှုများ အလုံးစုံတားမြစ်ရေးစာချုပ် (CTBT) ကိုလည်း ၂၀၁၇ ခုနှစ်မှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကာ နျူကလီးယား လက်နက်များတားမြစ်ရေးစာချုပ် (TPNW) ကိုလည်း ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

“နျူကလီးယား နည်းပညာကို ပိုင်ဆိုင်ပြီး စစ်ရေးအတွက် အသုံးချဖို့ဟာ စစ်အာဏာရှင်အဆက်ဆက်တို့ရဲ့ နိုင်ငံ့အာဏာကို ထာဝရစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးစားခဲ့တဲ့ အိပ်မက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်မှာ ရုရှကုမ္ပဏီ ROSATOM နဲ့ ပထမဆုံး နားလည်မှုစာချွန်လွှာ ထိုးခဲ့ပေမယ့် NLD အစိုးရလက်ထက်တွင် ရပ်တန့်ခဲ့ပါတယ်။ အဲဒီ့နောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီ့ နျူကလီးယားအိပ်မက်ကို ပြန်လည် အသက်သွင်းလာတာဖြစ်တယ်” လို့ ဦးနေဘုန်းလတ်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းထဲမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့၊အောက်တိုဘာလအတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေ အသိပေး

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi က အသိပေးထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

MDY PDF ၏ ဗဟိုကော်မတီဝင် ၂ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ တရားမဝင် ထုတ်ယူမှုဖြင့် ထိန်းသိမ်းထားကြောင်း MDY PDF ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ၂ယောက်ဖြစ်တဲ့ ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နဲ့ ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ကို ကာလတန်ဖိုးကြီးမားတဲ့ ဘဏ္ဍာပစ္စည်းယူမှုနဲ့ စည်းမျဉ်းစည်းကမ်းချိုးမှုကြောင့် တာဝန်ကနေ ရပ်စဲပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ MDY PDF က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့စစ်တပ်ကို အမွှန်းတင်၊ ဒီချုပ်အစိုးရကာလကို အပြစ်တင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ကတိမတည် အခွင့်အရေးသမားတွေအဖြစ် စွပ်စွဲ

ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။