ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၉)ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် ပိန္နဲကုန်းနဲ့ ကန်ကြီးကျေးရွာကြား TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၈)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနဲ့ လက်ပန်ကုန်းကျေးရွာတို့မှာ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တိုက်ပွဲအတွင်း အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၁၂)လုံး၊ လက်နက်ကြီး (၁၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၇)ရက်ကလည်း တအာင်းတပ်မတော် TNLA တည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနဲ့ နောင်ချိုကြီးကျေးရွာတို့ဘက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၄)ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံးနဲ့ ဘုန်းကြီးကျောင်း (၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့သေးတယ်။

ဇွန်လကုန်အထိ ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အား ဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲချခြင်း၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် ထားဝယ်မြို့ပေါ်မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

BPLA ကအညာဒေသအတွက် တပ်သားသစ်တွေကိုခေါ်ယူနေ

အညာဒေသမှာ စစ်ရေးတွေဖော်ဆောင်မယ့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA က တပ်သားသစ်များကို စတင်ခေါ်ယူနေပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်နှင့် KNDF နေ့စဥ် တိုက်ပွဲပြင်းထန်နေ၊ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိရှိကြရန် KNDF အသိပေး

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာ နေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့နဲ့ နယ်မြေခံတော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။ 
Read More

၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၂၃ ဦးကို CDF-Asho ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ် (ဗျူဟာကုန်း) အနီးတဝိုက်ကနေ စစ်ကောင်စီတပ်သား ၂၃ ယောက် ၅ ရက်တာအတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ 
Read More

ခမရ ၅၉၁ တပ်ရင်းက တပ်သားသုံးဦး လက်နက်နှင့် အလင်း ဝင်ရောက်လာ

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ စကခ(၁၉)လက်အောက်ခံ ကျောင်းရွာစံပြ ကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကတပ်သား သုံးယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီ အလင်းဝင်ရောက် လာခဲ့ကြတယ်လို့ သိရပါတယ်။