ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေးတို့ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရှေ့ဆင့်နောက်ဆင့်ပဲ ရဲဝင့်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ရာဇာက ပြီးခဲ့တဲ့ ဇွန်လ ၈ရက် ည ၉နာရီ ၃၀မိနစ်ခန့်မှာ ကျဆုံးခဲ့ပြီး ရဲဘော် သီဟလေးကတော့ ဇွန်လ ၉ရက် မနက် ၄နာရီ ၃၄မိနစ်မှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ၂‌ ယောက် ကျဆုံးခြင်းအတွက် အမိန့်ပြန်တမ်း ဖတ်ကြားခြင်းနဲ့ သဂြိုဟ်ခြင်း အခမ်းအနားကို ဇွန်လ ၉ရက်မှာ ပြုလုပ်ခဲ့ကြောင်း ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ထားပါတယ်။

ရဲဘော် ရာဇာနဲ့ ရဲဘော် သီဟလေး တို့ဟာ တပ်ဦး/တပ်တော်ကနေ ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်တွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီး သူတို့ ၂ယောက် ကျဆုံးခြင်းအတွက် ဦးညွှတ်အလေးပြုတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် “ရဲဘော် ရာဇာနှင့် ရဲဘော် သီဟလေး သင်သွားလိုရာကို လွတ်လပ်စွာ သွားနိုင်ပါပြီ” လို့ SF/SAF ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်သူကို ဒုက္ခပေးနေသည့် အောင်လံမှ နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၈ ဦး သေ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ထဲက အရပ်ခေါ် နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၈ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂) ကနေ သတင်းထုတ်ပြန်ပါတယ်။