စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က တရားဝင်ထုတ်ပြန်လာပါတယ်။

ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်း ၁၂:၁၅ မိနစ်အချိန်မှာ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာရဲ့ အပျက်အစီး ဓာတ်ပုံတွေကို ဖော်ပြလာပါတယ်။

ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို လေကြောင်းပစ်ကူလာပေးချိန်မှာ ပစ်ချနိုင်ခဲ့တာဖြစ်ပြီး လေယာဉ်အမျိုးအစားနဲ့ လေယာဉ်မှူးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကို ဆက်လက်စိစစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ ရက်ကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ဦးဆောင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့သည့် ကုန်တင်ကားတန်း ရာချီကို စစ်အုပ်စု ထပ်မံပိတ်ဆို့ထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းက လွှဲဆိပ်ရွာအနီး ပိတ်မိခဲ့တဲ့ ကုန်တင်ကားတန်း အစီး ၈၀၀ ကျော်ဟာ လက်ရှိမှာ စစ်အုပ်စုထိန်းချုပ်ရာ ငှက်ပျောတိုင်းရွာသစ်ကနေ ဘူးကုန်းရွာလမ်းပိုင်းအတွင်း ထပ်မံပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေပါရှိနေကြောင်း ကန့်ဘလူခရိုင် တပ်ရင်း -၃ ထောက်လှမ်းရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မှာ စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံရွာမှာ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအသုံးပြုကာ မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်တပ်က ဆိုင်းဘုတ်တွေ လိုက်ကပ်နေ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲက ကျေးရွာအချို့မှာ အကြမ်းဖက်စစ်တပ်က PDF တွေ အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေ လိုက်ကပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချောင်းဦးမြို့နယ်ထဲက မုံရွေး၊ ခင်မွန်၊ မြပုလဲ စတဲ့ကျေးရွာတွေမှာ နိုဝင်ဘာလ ၂၄ ရက် မနေ့ကစပြီး PDF တွေ အလင်းဝင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ဆိုင်းဘုတ်တွေ လိုက်ကပ်နေတာဖြစ်ပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။