ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၄၄၀ တပ်ရင်းကနေ စစ်သား ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇွန်လ ၈ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဗျူဟာ (၂၇) ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းထားသူတွေဖြစ်ပြီး အပတ်စဥ် ၃ နဲ့ အပတ်စဥ် ၈ စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဗျူဟာ (၂၇) အနေနဲ့လည်း အလင်းဝင်စစ်သား ၂ ယောက်ကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်နက်ခဲယမ်းပို့ရန် ထွက်လာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ် မောင်မယ်ရှောင်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်သား ၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အမတ (၃၀၂) ထဲကို လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရခိုင်ကို စစ်ကောင်စီ စစ်ကူနဲ့ရိက္ခာပို့ဖို့ အရေးပါတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာ၊ စစ်ကောင်စီ ထိခိုက်သေဆုံးမှု များပြား

မကွေးတိုင်း၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ထဲက အမ်း- ပဒါန်းလမ်းပိုင်းမှာ ထိတွေ့မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ) ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို စစ်ကူနဲ့ရိက္ခာတွေ ပို့ပေးရာမှာ အရေးပါတဲ့ အမ်း - ပဒါန်း လမ်းပိုင်းအတွင်း စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တွေနဲ့ လုံခြုံရေးယူပေးတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိနေပါတယ်။
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။