ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။

ဇွန်လ ၉ ရက် မနက် ၅ နာရီလောက်က လေသာကုန်း နဲ့ ဘူးတောင်ကြားမှာ SNA တပ်ဖွဲ့ နဲ့ KIA ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှု ၄ နာရီနီးပါးဖြစ်ပွားခဲ့ကာ SNA ဘက်က ထိခိုက်သေဆုံးသူတွေရှိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

“သူတို့ SNA လူသေအလောင်းရတယ်လို့ ကြားတယ်။ လက်နက်တချို့လည်း ရတယ်လို့ပြောတယ်။ ကိုယ့်ဘက်က ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး၊ သူတို့တွေ နန်းအော့၊ နန်းမားဘက်ကို ပြန်ဆုတ်သွားတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုပြီးတာနဲ့ SNA တပ်ဖွဲ့ဟာ ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်တွေဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ဇွန်လ ၂ ရက်နေ့မှာ ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းကျေးရွာမှာ ဝင်ရောက်အထိုင်ချကာ ရွာထဲက ကလေးတွေကို စာသင်ပေးနေတဲ့ Volenteer ဆရာ ၃ ယောက်အပါအဝင် အသက် ၆၀ ကျော်အရွယ် လူကြီးတွေကိုပါ အတင်းအဓမ္မဖမ်းဆီးထားပြီး လူသစ်စုဆောင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SNA ထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက်အချို့
0 Shares:
You May Also Like
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။
Read More

NUG ဒုဝန်ကြီး ​ဒေါ်အိသဉ္ဇာမောင်နဲ့ ဒီမော့ဆို PDF တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်က ကရင်နီပြည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် - DMO PDF နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁) ဦး သေဆုံး၊ (၃) ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ်ဆီ လက်လွှတ်ခဲ့ရတဲ့ စစ်တပ်စခန်းတချို့ကို MDY-PDF ပြန်လည်သိမ်းပိုက်ထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။