စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ – Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက် မနေ့ကညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဗုံးသီးကျရောက်ရာ နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအပြီး ၁၀ မိနစ်ခန့်အကြာမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ၀န်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတစ်နေရာကိုလည်း လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူ စံပယ်နံ့သာဂိတ်စခန်းမှ စစ်အုပ်စု မိန်းကလေး ၂ဦးကို ပေါ်တာဆွဲ၊ ၁ ဦး ထွက်ပြေးလွတ်မြောက်သော်လည်း အဓမ္မပြုကျင့်ခံရကာ ကျန်ခဲ့သည့် မိန်းကလေး အသက်ရှင်မရှင် မသိရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
(ဓာတ်ပုံ KNU)
Read More

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီးက ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးခဲ့ရ

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီး  ကျေးရွာများကို  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်မှ ၂ ကြိမ်ထွက်ပြေးခဲ့ဖူးသည့် စစ်မှုထမ်းတပ်သား ၃ ကြိမ်မြောက်တွင် အောင်မြင်စွာ အလင်းဝင်လာနိုင်ခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကနေ  စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၃) ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၈)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။