စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်လေယာဉ်ဟာ ပုလဲမြို့နယ် စပါးစေ့ရွာပေါ်ကို ပျက်ကျသွားပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သလို လေယာဉ်အစိတ်အပိုင်းအချို့ကိုလည်း ဗီဒီယိုဖိုင်အတွင်း တွေ့ မြင်ရပါတယ်။

0 Shares:
You May Also Like
Read More

ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်ကြောင်း Hornet PDF ထုတ်ပြန် (ရုပ်/သံ)

Hornet PDF မှာ ထုတ်လုပ်ထားတဲ့ AR-15 သေနတ်များ ကရင်နီရှေ့တန်းစစ်မျက်နှာပြင်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံဖိုင်နဲ့ တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းရဲဘော်များ အမေ့အား လွမ်းဆွတ်မှု (ရုပ်/သံ)

မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းသားရဲဘော် တွေ သီချင်းဆိုထားတဲ့ ထူးအိမ်သင်ရဲ့ မေမေနေကောင်းလား သီချင်းကို Yenanthar Column က ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ၃ ထပ်တိုက်တစ်လုံး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျ (ရုပ်/သံ)

မန္တလေးမြို့ ၂၆ လမ်း ၈၀x ၈၁ လမ်းမှာ ဧပြီ ၁၅ ရက် မနေ့ညနေပိုင်းက လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၃ ထပ်တိုက်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း(ရုပ်/သံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ တော်လှန်အနုပညာရှင် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF  အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နှင့် ရိက္ခာရှာထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့နဲ့ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်ခန့် သေဆုံးခဲ့တယ်လို့ ရွာဇော်ကြီးတော်လှန်အသံက ထုတ်ပြန်ထားပါတယ်။