ထားဝယ်မြို့နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ စစ်အုပ်စုရဲ့ ဘောတိစခန်း (ခေါ်) ပွိုင့် ၂၅၆၆ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၁၀ ရက် ဒီနေ့မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Force For Federal Democracy – FFD တပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါစခန်းကို ဇွန်လ၈ရက်နေ့က စတင်တိုက်ခိုက်ခဲ့ကာ ဒီနေ့မှာတော့ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိသွားသလို စစ်အုပ်စုဘက်က ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ထွက်ပြေးလွတ်မြောက်သွားတဲ့ ရန်သူစစ်သားတွေလည်း ရှိပြီးတော့ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြားလည်း ရှိပါတယ်။ စစ်လက်နက်ပစ္စည်း အရေအတွက်နဲ့ အကျဆုံးစာရင်းကိုတော့ ကျနော်တို့ နောက်မှထုတ်ပြန်မှာဖြစ်ပါတယ်” လို့ Force For Federal Democracy – FFD တပ်ဖွဲ့ရဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။

တိုက်ပွဲမဖြစ်ခင် ဘောတိစခန်းမှာ စစ်ကောင်စီအင်အား ၂၀ ကျော်လောက်သာရှိပြီး တိုက်ပွဲဖြစ်တဲ့နေ့မှာတော့ စစ်အုပ်စုဘက်က လေကြောင်းနဲ့ လူအင်အား ထပ်မံဖြည့်တင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘောတိစခန်းသိမ်းတိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းရှိ အမိုနဲ့ အနီးအနားကျေးရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရသလို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး မြိတ် − ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

“စစ်ကောင်စီတပ်ဘက်ကလည်း ဘောတိစခန်းအနီးတစ်ဝိုက်နဲ့ အမိုကျေးရွာတွေဘက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားသေးတယ်” လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၄) က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း (၇) ၊ တပ်မဟာ ဒရုန်းတပ်ဖွဲ့ (Karen Drone Special Force / KSDF)  ၊ ထီးမိုပွာဒေသခံရှိ သစ်တောဌာန ၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့ ၊ အမျိုးသမီးအဖွဲ့အစည်းအရုံး နဲ့  TPLF ၊   FFD Drone တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဘောတိစခန်းဟာ ထားဝယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၅) လက်အောက်ခံစစ်ကောင်စီတပ်သားတွေ နေထိုင်တဲ့စခန်းဖြစ်ပြီး ထီးခီး နဲ့ ထီးထစခန်းနည်းတူ ဘောတိစခန်းဟာလည်း ၁၉၉၇ ခုနှစ်ကစလို့ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ နယ်စပ်စခန်းတစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။