အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ကို တော်ဝင်ဒေါင်းတပ်ဖွဲ့ဝင်တွေက ဂုဏ်ပြုကြိုခဲ့ကြတယ်လို့ သိရပါတယ်။

 ရဲဘော်တွေဟာ “Suu 80 Birthday Campaign” မှာ ပါဝင်ခဲ့ကြပြီး ဒိုက်ထိုးလေ့ကျင့်ခန်းအကြိမ်ရေ ၈၀ နဲ့ ခေါင်းစိုက် ၈၀ စက္ကန့်ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

တခြားပြည်သူ့ကာကွယ်ရေးတပ်ရင်းက ရဲဘော်တွေအနေနဲ့လည်း “Suu 80 Birthday Campaign” မှာ ပါဝင်ကြဖို့ တော်ဝင်ဒေါင်းတပ်ရင်းက တိုက်တွန်းထားပါတယ်။

Video – Royal Peacock Column-P 29913

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများ အခြေစိုက်နေရာတွေကို ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြိုပေါ်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာတွေကို တော်လှန်ရေး အင်အားစုတွေက အနီးကပ် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) က ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်း မော်ချီးဒေသတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂၄ ဦးအထိ သေဆုံးခဲ့ရ (ရုပ်/သံ)

ကရင်နီပြည် ဖား‌ဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၄ ယောက်ထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၂ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်ဗိုလ်မှူး ၁ ‌ယောက် အပါအဝင် စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ် အာရှလမ်း တတန်ကူးရွာတိုက်ပွဲမှာ စစ်ကော်မရှင် ဗိုလ်မှူး ၁ ယောက်၊ အရာရှိ ၄ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း ရဲစခန်း ၂ ခုကို ‌တော်လှန်ရေးတပ်များ တစ်ရက်တည်း ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းရှိ ဒမငယ်ရဲစခန်းနဲ့ တောင်ညိုကွက်သစ်ရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။