ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ နယ်မြေအတွင်း အသက် ၃၀ အရွယ် အမျိုးသား ၁ယောက် ဆိုင်ကယ်နဲ့ ရောက်ရှိလာတာကြောင့် တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ဆေးရာမှာ ထိုသူက ပျူစောထီး အေးမျိုးအောင် ဖြစ်ပြီး စစ်ဆေးနေချိန်အတွင်း ဖုန်းဝင်လာစဉ် တစ်ဖက်လူက ဘယ်ရောက်ပြီနေလဲလို့ မေးတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မသင်္ကာမှုနဲ့ ဆက်လက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်က သူ့ကိုဖုန်းဆက်သူဟာ ပျူစောထီးဖြစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း ပျူစောထီးအဖွဲ့ဝင်ဖြစ်ကြောင်း၊ စစ်သင်တန်း တစ်လ တက်ခဲ့ကြောင်း၊ စက်တိုင်ရပ်ကွက်အတွင်းမှာ သူအပါအဝင် ပျူစောထီး ၈ ယောက်ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

“သူက ကျနော်တို့ တပ်ဖွဲ့ရှိတဲ့ ကင်းစခန်းထဲကို ဆိုင်ကယ်နဲ့ ရောက်လာတာပါ။ စစ်ဆေးနေစဉ်မှာ ဖုန်းဝင်လာတာ ဟိုဘက်က ဘယ်ရောက်နေပြီလဲ  ဆိုပြီးမေးတော့ မသင်္ကာတာနဲ့ ဆက်လက်စစ်ဆေး‌တော့ သူကပျူစောထီးဆိုပြီး သိရတယ်။ ပြီးတော့ သူက ပျူသင်တန်းဆင်းလာတာ ၁ လပဲရှိသေးတယ်” လို့ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။  

အဲဒီလို စစ်ဆေးနေစဉ်အတွင်းမှာပဲ တော်လှန်ရးတပ်တွေကို ခုခံ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ နောက်ကျောကို ကျည်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး အေးမျိုးအောင်
0 Shares:
You May Also Like
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

ဂန့်​ဂေါတွင် ​​ခလရ ၅၀ ဗျူဟာမှူး လှမျိုးထွဋ်နှင့်အပေါင်းအပါများ စစ်ကြောင်းထိုး၊ လူဖမ်း၊ ရိက္ခာခိုးနေ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို စားနပ်ရိက္ခာတွေကိုလည်း ကားတွေနဲ့ ခိုးယူသယ်ဆောင်နေကြောင်း ယောအလင်းတန်းအဖွဲ့တာဝန်ရှိသူတွေက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ရဲတချို့ ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်းကို ဒီဇင်လာ ၂၈ ရက် မနေ့ညက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ရဲ ၃ယောက်နဲ့ ရဲမိသားစုဝင် ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။